[0.1]

1.9K 137 4
                                    

Unicode 🌴

"ဒီနေ့ မင်းသိပ်လှတာဘဲနော်!!

"ကျေးဇူးတင်ပါတယ်ဗျာ အားမနာနဲ့နော်
ကြိုက်သလောက်စား အခုတော့ ကျွန်တော်ကိုခွင့်ပြုပါဦး "

"ကောင်းပါပြီ!!

ရုတ်တရက် အနောက်ကနေခါးကို ဆွဲဖက်ခြင်း
ခံလိုက်ရတာကြောင့် ခန္ဓာကိုယ်လေး ဆတ်ခနဲ
တုန်တက်ရင်း အနောက်ကိုလှည့်ကြည့်လိုက်တယ်...။

အကြည့်ချင်းစုံသွားတဲ့အခါ နှစ်ယောက်လုံး
တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အကြည့်ချင်းမခွာနိုင်တော့..။ လူကြီးတွေရဲ့ ချောင်းဟမ့်သံ
ကြောင့်သာမဟုတ်ရင် ထိုအမျိုးသားထံကနေအကြည့်တွေ
ပြန်ရုတ်ဖို့ကို သူသေချာပေါက် မေ့လျော့နေမှာ။

အခုမှဘေးမှာ နှစ်ဖက်မိဘလူကြီးတွေကို သတိထားမိသွား
တာကြောင့် မျက်နှာတစ်ပြင်လုံး ပန်းရောင်ပြေးသွားတယ်..။
နမော်နမဲ့နိုင်လိုက်တာ....

သို့သော် ထိုရင်တွင်းစကားကိုတော့ သူထုတ်မပြောဖြစ်။
သူကိုယ်တိုင်လည်း ထိုအမျိုးသားရဲ့ အထိတွေ့တွေကို
မနှစ်သက်သူမှ ဟုတ်မနေခဲ့တာ..။

"ရှောင်းကျန့်... ဒီလိုရုတ်တရက်ကြီး မဖက်နဲ့လေဗျာ"

ထီးထီးကြီး ရပ်ပြီး သူတို့ကိုပြုံးစိစိကြည့်နေကြတဲ့
မိဘတွေထံကို အကြည့်နဲ့ညွှန်ပြလိုက်တော့ အားလုံးရဲ့
ခပ်သောသောရယ်သံက သူ့ရဲ့ရှက်စိတ်ကို ပိုပြီးအားအင်
ဖြည့်ပေးနေသည့်အလား....

"ဟုတ်သားပဲ သားရယ် ကြည့်ပါဦး ဝမ် ရှက်သွားပြီ"

ဒါကို ရှောင်းကျန့်ကထွေထွေထူးထူး တွေးမနေတော့ဘဲ
ဝမ်ရဲ့ပါးအိအိလေးကို နစ်ဝင်တဲ့အထိ နမ်းပစ်တယ်။
အခုထိ ဝမ်ကသူနဲ့ထိတွေ့ချိန်တိုင်း ရှက်နေဆဲပါပဲလား..။
တွဲနေကြတာ တစ်နှစ်တောင် ကြာပြီပဲဟာ....

ထားပါ ဒါကလည်း ဝမ်ရဲ့ချစ်စရာ ကောင်းသည့်
အပြုမူတစ်ခုပဲမို့ သူကတော့အပြစ်လို့မဆိုနိုင်..

"ရှောင်းအစ်မရယ် ကျွန်မကတော့လေ ဝမ်ကို
သားကျန့်နဲ့ စေ့စပ်ပေးလိုက်တာ မှန်သွားတယ်!!!

𝐍𝐨 𝐓𝐰𝐨Tempat cerita menjadi hidup. Temukan sekarang