[55]

1K 77 1
                                    

Unicode🌴

သူ့ကိုမေးထောက်ကြည့်နေသည့်ထိုလူကြောင့်အိပ်နေရာမှ
ကမန်းကတန်းထကာမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်
လုပ်ပြလိုက်တယ်။

"ခင်ဗျား မအိပ်ပဲကျွန်တော်ကိုဘာလို့ထိုင်ကြည့်နေတာလဲ"

ထိုအခါ Seanက ကုတင်ပေါ်မှာတင်ပါးလွှဲထိုင်ရင်းသူ့ပါးလေး
တစ်ဖက်ကိုဆွဲဖဲ့ကာ

"ကိုယ်တစ်ညလုံးမအိပ်ပဲ မင်းကိုကြည့်နေတာ"

"ဘာလို့လဲ?

"ထွက်သွားမှာစိုးလို့လေ မင်းငြိမ်ငြိမ်လေးအိပ်နေတာမြင်တော့
ကိုယ်ဘယ်လောက်ထိစိတ်ချမ်းသာသလည်းဆိုတာ
တွေးမိရဲ့လားဟမ်!!!

ချစ်ရည်ရွှမ်းတဲ့အကြည့်ဖြင့်သူ့စိတ်အတွင်းထဲထိထိုးဖောက်
နိုင်ခြေရှိသလိုမျိုး လူကိုစူးစိုက်ကြည့်နေတာမို့ ဝမ်လည်း
မနေတတ်တော့။ ပါးလေးနှစ်ဖက်က ရဲတက်လာခဲ့တာမို့
Seanဘက်ကခပ်သောသောလေးရယ်လာသည်။

"ခင်ဗျား တစ်ညလုံးမအိပ်ရသေးဘူးပေါ့!

"အင်း ဟုတ်တယ်"

"ဒါဆို အိပ်တော့လေ"

"ဟော.... မနက်၅နာရီတောင်ရှိနေပြီ ဘယ်လိုလုပ် ကိုယ်က
ပြန်အိပ်လို့ရတော့မှာလဲ ခဏနေကျရင် ပစ်ကွင်းကိုလည်း
သွားရဦးမယ်! ပြီးတော့... "

ဂေဟာသွားကြည့်ချင်လားဆိုတဲ့စကားစုကိုမပြောခင်မှာဘဲ
မြန်မြန်ဘရိတ်အုပ်လိုက်ရတယ်။ ဂေဟာကို သွားရင်တစ်ခုခု
မှတ်မိနိုင်ကောင်းမှတ်မိနိုင်ပေမယ့်အခုလိုဘာမှမမှတ်မိတာက
ပိုကောင်းတာမို့နှုတ်ဆိတ်နေလိုက်တယ်။

"ပြီးတော့ ဘာလဲဟင်"

Seanကခေါင်းခါပြပြီး

"ဘာမှမဟုတ်ဘူး မင်းကိုပစ်ကွင်းလိုက်မလားလို့ မေးမလို့!!!

"ကောင်းသားပဲ ကျွန်တော်လိုက်ခဲ့လို့ရလားဟင်!!!

"ရတာပေါ့ Breakfast စားပြီးတာနဲ့ မင်းကိုခေါ်သွားမယ်"

"ဟုတ်!!

ပြီးနောက် သူ ဝမ်ရဲ့နှုတ်ခမ်းကိုပြွတ်ခနဲနမ်းလိုက်ပြီး

"မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ Leo Wang"

ပြောပြီး ထရပ်လိုက်သူက ထပ်၍

𝐍𝐨 𝐓𝐰𝐨Onde histórias criam vida. Descubra agora