[56]

1K 81 1
                                    

Unicode🌴

"ဒဏ်ရာတွေအရှင်းပျောက်ပြီဆိုတော့ ပေကျင်းကို
ပြန်လို့ရပြီ "

"အင်း ဘယ်တော့လောက်ပြန်မလဲ မင်းဆုံးဖြတ်လေ
ကိုယ်ကတော့ မင်းရဲ့သဘောပဲဆိုတာသိတယ်မဟုတ်လား"

သူ ရှောင်းကျန့်ရင်ဘက်ကိုတံတောင်နဲ့တွက်ရင်း

"ခင်ဗျားကအပိုတွေသိပ်လုပ်တာပဲ!

"အပိုလုပ်နေတာမဟုတ်ပါဘူး ဒီတစ်ယောက် ကိုယ့်ဆီကနေ
လွတ်ထွက်သွားမှာစိုးလို့ နည်းမျိုးစုံနဲ့မြူဆွယ်နေတာလေ
မရဘူးလား"

ရိပေါ် ထိုလူသားကို မျက်စောင်းတစ်ချက်ထိုးလိုက်တယ်။ ပြီးမှ

"ထားပါ ဒီမှာလုပ်စရာလေးတွေလည်းရှိနေသေးတော့
သဘက်ခါလောက်မှ ပေကျင်းကိုပြန်တာပေါ့ ဒါပေမယ့်!!

ရိပေါ်ကဆက်မပြောပဲမျက်လွှာကိုချကာနှုတ်ခမ်းလေးကိုပါ
ဖိကိုက်ထား၍ ရှောင်းကျန့်မျက်ခုံးကြောတွေပါတွန့်လာရင်း

"ဒါပေမယ့် ဘာဖြစ်သလဲ!!!

"ဟို... မားမားရှောင်းက ကျွန်တော်တို့ကို တားရင်ရောဟင်!!!

နောက်ဆုံးတော့ ဒီကောင်လေးကဘာကိုစိတ်ပူသလည်းဆိုတာ
သိသွားတာမို့အနားကိုတိုးရင်းသိမ်းကျုံးဖက်ထားလိုက်တယ်။
ဒါမှသာရိပေါ်ကစိတ်သက်သာရသွားဟန်သက်ပြင်းချလာတယ်။

"စိတ်မပူပါနဲ့ မားဘက်ကငြင်းမှာမဟုတ်ဘူး သူသဘောတူလိမ့်မယ် "

"အကယ်၍ သဘောမတူရင်ရော"

"အများကြီးမစဉ်းစားပါနဲ့ အကယ်၍ဆိုတာမရှိဘူး"

"အစ်ကိုရှောင်း!!!

ထိုအခါအဝေးကနေပြေးလာတဲ့မမချင်းရန်ကြောင့်ရိပေါ်
ကိုကို့ရင်ခွင်ထဲကနေဆတ်ခနဲခေါင်းထောင်ကြည့်ပြီးကျစ်ခနဲ
စုတ်သပ်ပစ်သည်။

"အစ်ကိုရှောင်းကျန့် ပန်းဆိုင်ကိုသွားမယ်ဆို!!!

ကိုကိုသူ့ကိုမပြောဖူးတာမို့ မျက်မှောင်ကြုတ်တော့ ကိုကိုက
ခပ်ဟဟရယ်တယ်။ ပြီးမှ

"ဟုတ်တယ် ကိုယ်ချင်းရန်နဲ့ ပြောထားတာ!

"ဘာလို့ကျွန်တော်ကို မပြောရတာလဲ "

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now