Unicode 🌴
အိမ်ထဲကိုလက်ချင်းချိတ်ပြီးဝင်လာသူကြောင့် သူမ နေရင်းထိုင်ရင်း
သွေးတက်သွားသလိုတောင်ခံစားလိုက်ရတယ်။ပြီးနောက် သားတော်မောင်လက်ထဲကနေ ထိုကောင်လေးကိုဆွဲခေါ်လိုက်ပြီး သူမအရှေ့မှာထိုင်စေကာ
"ဘယ်လိုဖြစ်ရတာလဲ ဝမ်ရိပေါ် မင်းပြောတော့!!!!
"မား ရိပေါ်ကိုအပြစ်မတင်ပါနဲ့ ကျွန်တော်သူ့ကိုဇွတ်အတင်း
ခေါ်လာခဲ့တာ""ငါသိတယ် မင်းအကြောင်းကိုလည်းသိသားပဲ မင်းပြန်လာရင်
မင်းရဲ့မာယာတွေထဲမှာ ရိပေါ်မျောပြီးပြန်လိုက်လာမယ်ဆိုတာလည်း ငါသိတယ်"မားရဲ့စကားကြောင့် ရှောင်းကျန့်မျက်နှာက မကြည်တော့
"ပြောပါဦး ဘာလို့ပြန်လိုက်လာခဲ့တာလည်းကွယ် မား မင်းကို
လွှတ်ပေးလိုက်တာက ဒီလိုဖြစ်ဖို့အတွက်မှ မဟုတ်တာ""........"
"အခုတော့ ဒိချောက်နက်ကြီးထဲကို မင်းမလို့ခုန်ဆင်းရတယ်လို့!
"ကျွန်တော် အန်တီရှောင်းရဲ့စေတနာကို နားလည်ပါတယ်
ဒါပေမယ့် ကျွန်တော်လည်းလူပဲဟာ အချစ်နဲ့ပတ်သတ်လာရင်
ဘယ်ခံနိုင်ရည်ရှိပါ့မလဲဘ အထူးသဖြင့် ကိုကိုနာကျင်တဲ့
အချိန်မျိုးတွေမှာပေါ့!!ပြောရင်းဆိုရင်းသူရှောင်းကျန့်ကိုအပြုံးတစ်ခုနဲ့လှမ်းကြည့်တော့
ရှောင်းကျန့်ကလည်းသူ့ကိုအပြုံးလေးနဲ့တုန့်ပြန်တယ်...။
ဒီရွေးချယ်မှုအတွက် သူ ဘယ်သောအခါမှနောင်တရမည်
မဟုတ်တော့..။"ဟူး!!! ခက်တော့တာပဲ ရိပေါ်ရယ် မင်းတကယ်ဆုံးဖြတ်ပြီးပြီပေါ့
မပြင်တော့ဘူး လား""မား ဘယ်လိုဖြစ်နေတာလဲ ရိပေါ်က ကျွန်တော်ကိုချစ်လို့တောင်
ဒီအထိလိုက်လာခဲ့ပြီးပြီ"သို့နှင့် သူမ ရှောင်းကျန့်ကိုမျက်စောင်းထိုးရင်း
"မင်းလိုလူနဲ့ ရိပေါ်ကို ငါစိတ်မချလို့ပေါ့!!!
"ဟမ်.. မား ကျွန်တော်ကမားရဲ့ သားအရင်းပါနော်
ကျွန်တော်ကိုကာပြီး ပြောပေးရမယ်မဟုတ်ဘူးလား"