[13]

1K 102 17
                                    

Unicode 🌴

"သူဌေး စာလာတယ်"

"ဘယ်သူ့ဆီကလဲ အမြန်ယူခဲ့ ဒီကို "

နောက်တစ်နေ့ လင်မိသားစုဆီကို စာရောက်လာတာမို့
အိမ်အကူတစ်ယောက်က ဧည့်ခန်းမှာ လူစုံတက်စုံရှိသည့်
အိမ်ကြီးရှင်တွေအား သတိပေးလာသည်မို့ အမြန်ယူခဲ့
ခိုင်းရသည်။

ရှောင်းကျန့်လည်းဝမ်ကိုအဖော်ပြုရင်း လင်အိမ်တော်မှာ
အိပ်ပျော်သွားတယ်။ နိုးနိုးချင်းထပြန်ချင်ပေမယ့်
အန်ကယ်လင်က မနက်စာစားပြီးမှ ပြန်ခိုင်း၍ အန်ကယ်လင်
ကျေနပ်အောင် အရင်ဆုံး Breakfast စားလိုက်ရသည်။

လင်သခင်ကြီးက စာအိတ်အဖုံးကိုကြည့်ပြီး မျက်မှောင်
ကြုတ်တယ်။ ဘာလို့လည်းဆိုတော့ အဖုံးပေါ်မှာ သူအတွက်
မွေးနေ့လက်ဆောင်ဆိုတာသာ ရေးထားပြီး ပေးပို့သူရဲ့
နာမည်မပါ၍..

စာအိတ်ကိုဖွင့်လိုက်တော့ အထဲမှာဓာတ်ပုံတစ်ချို့
ရှိနေတယ်။ ထိုအရာကြောင့် မထွက်ဖူးတဲ့ ဒေါသတို့က
လှိမ့်ထွက်လာရ၏။ လင်ကျီကျီ က ချက်ချင်းဆိုသလို
သူမအမျိုးသားရဲ့ ဖြူလျော်သွားတဲ့မျက်နှာကိုကြည့်ပြီး
မမေးဘဲနဲ့ မနေနိုင်။

"အကိုလင် ဘာဖြစ်လို့လဲဟင် "

"ဘာဖြစ်လည်းဆိုတာ မင်းဟာမင်းကြည့်လိုက်ပေါ့"

လက်ထဲကဓာတ်ပုံတစ်ချို့ကိုပစ်ပေးလိုက်ပြီးနောက်
လင်ကျီကျီ မျက်နှာကလည်းဖြူဖက်ဖြူလျော်ဖြစ်ကာ
လက်ထဲကပုံတွေကလည်း အောက်ကိုလွတ်ကျသွားသည်။

"အကိုလင်.. ဒါ.. ဒါက အမှန်မဟုတ်ဘူး"

ဝမ်ကလည်းမနေနိုင်စွာ ပုံတွေအားကောက်ကြည့်လိုက်၏။
ပုံထဲမှာက လင်ကျီကျီနဲ့အမည်မသိ လူကြီးတစ်ယောက်က
ဆိုင်မှာနီးကပ်စွာ ရှိနေတဲ့ပုံတွေရယ် ရယ်မောနေတဲ့
ပုံတွေရယ်မို့ အန်ကယ်လင်ဒေါသထွက်မယ်ဆိုလည်း
ထွက်ချင်စရာ။

ရှောင်းကျန့်မှာပုံတွေကိုကြည့်ပြီး မြင်ကွင်းတစ်ခုက
အာရုံထဲကိုထင်ရှားစွာဝင်လာ၍ ဘယ်သူ့လက်ချက်လည်း
ဆိုတာတန်းသိလိုက်သည်..။

ဒါက ရိပေါ် ဖုန်းနဲ့ရိုက်ယူခဲ့ဖူးတဲ့ ပုံတွေ..။

ဘယ်သူလုပ်ခဲ့တာလည်းဆိုတာသိသော်ငြား ကိုယ်တိုင်က
အေးဆေးနေတတ်သူဖြစ်တာက တစ်ကြောင်း သူများ
မိသားစု အတွင်းရေးကိုဝင်မရှုပ်ချင်တာကတစ်ကြောင်းမို့
ထုတ်မပြောဖို့ဆုံးဖြတ်ရင်း ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရုံမျှ...

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now