[17]

990 109 40
                                    

Unicode 🌴

"ကိုကို ဒါက ဘာလုပ်နေတာလဲ "

အပြင်ကနေပြန်လာလာချင်း မီးဖိုချောင်ဘက်မှာ
အလုပ်ရှုပ်နေသူက ကိုယ့်ကိုပြုံးစစနဲ့ ကြည့်လာတယ်။
ပြီးနောက် စားပွဲပေါ်မှာ အစီအရီချခင်းထားသော
ထမင်းဟင်းတွေကြောင့် မျက်နှာထက်မှာအပြုံးတစ်ချက်
ဖြစ်ထွန်းသွားသည်..။

"ကိုကို ဒါတွေအကုန် ကိုကိုချက်ထားတာလား"

"မဟုတ်ရင် ဘယ်သူလို့ထင်လို့လဲ"

သူရောက်တော့ ရိပေါ်က တိုက်ခန်းမှာမရှိတာကြောင့်
ရိပေါ်လာရင် အသင့်စားရအောင်က တစ်ကြောင်း
မဟုတ်ရင်တောင် ဝမ်ကိစ္စနဲ့ ရိပေါ်သူ့ကိုကူညီထားခဲ့တာ။
အရင်ကတော့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်
ထားခဲ့ပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ Romantic
ဆန်ရမလည်းဆိုတာ တကယ်မသိဘူးရယ်။

ပန်းလည်းမပေးဖူးသလို ကိုယ်တိုင်မုန့်လုပ်ပေးဖူးတာမျိုး
လည်း မရှိဘူးရယ်။ အားတဲ့ရက်တွေမှာတော့ ထမင်းဟင်း
ကိုယ်တိုင်ချက်ကျွေးတာတော့ ထားပါတော့..။ ကိုယ်တိုင်က
အဲ့လိုလုပ်ပေးချင်လို့သာ ဟင်းချက်နည်းတွေ တကူးတက
လေ့လာခဲ့တာမဟုတ်လား။

ဝမ်နဲ့တွေ့တော့တောင် ပန်းတစ်ပွင့် ပေးဖူးတာမဟုတ်ဘူး။
မထင်ထားတာက အဲ့လောက်ကြီးတဲ့အပြစ်လုပ်ထားတာတောင် ဝမ်ဘက်က
ပန်းစည်းပေးပြီး ချော့လိုက်တာနဲ့ စိတ်ဆိုးပြေသွားခဲ့တာလေ။

အမှန်ဆိုဒါတွေအားလုံးက ရိပေါ်ကျေးဇူးတွေကြောင့်ပဲ...။
သူ့ကြောင့်သာ ဝမ်ကကြေအေးပေးခဲ့တာ...။ ညစာ
ချက်ပေးတာလောက်က ရိပေါ်ပေးတဲ့အကြံနဲ့ယှဉ်ရင်
ပါးပါးလေးပါ။

"ဟုတ်တယ် သေချာထိုင်စားလေ ကိုယ်က
အားလုံးမင်းအတွက် ချက်ထားတာ"

ဒါနဲ့ ရိပေါ်လည်းဘာမှတွေးမနေတော့ဘဲ ချက်ချင်း
ခုံမှာသေချာထိုင်၍ အားရပါးရ စားနေလိုက်သည်...။
အပြင်ကနေပြန်လာတာမို့ ဗိုက်ဆာနေတာကတော့
အသေအချာပဲ။

"ကိုကို ဘယ်လိုဖြစ်ပြီး ဒါတွေအကုန်ချက်ထားရတာလဲ
ဘာလဲ တစ်ခုခုပျော်စရာကိစ္စ ရှိလို့လားဟင်!!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now