[40]

1.7K 147 78
                                    

Unicode 🌴

ရှောင်းကျန့် လက်ထဲကလက်စွပ်မောင်းကွင်းလေး၂ခုကို
ကြည့်ရင်း ကျေနပ်စွာပြုံးနေတာမို့ ချန်မင်ကမျက်စောင်း
တထိုးထိုး။

ဆိုင်မှာ ဒီဇိုင်းဆွဲပြီး အပ်ခဲ့သည့်နောက်တော့ လိုချင်တဲ့
ပုံစံအတိုင်းရဖို့ နှစ်ပတ်လောက် ကြာခဲ့သည်။ ပြီးနောက်
ထိုလက်စွပ်၂ကွင်းကို အနီရောင် ကတ္တီပါဗူးထဲကို ထည့်ပြီး
သိမ်းလိုက်တယ်။

"ဘယ်လိုလဲ စိတ်တိုင်းကျရဲ့လား!

အမေးကိုသူ ခေါင်းညိတ်ပြီးအဖြေပေးလိုက်၏..။
ဒါကိုမြင်ရင်တော့ ရိပေါ် ပျော်သွားလေမလားမသိ..။
ရိပေါ်ကိုလက်စွပ်မှာထားတယ်လို့သာ ပြောထားပြီး
ဘယ်လိုပုံစံလည်းဆိုတာတော့ အသိပေးမထားဘူး။

ဒါကိုမြင်တဲ့အခါ ပျော်သွားမယ့် ရိပေါ်မျက်နှာကိုတွေးမိပြီး
အူမြူးလို့မဆုံး။

"ဒါဆို မင်းတကယ်ဆုံးဖြတ်လိုက်ပြီပေါ့"

"အင်း ဟုတ်တယ်"

"ဒါဆို အန်တီရှောင်း ကရော!

"မားကိစ္စကစိတ်ပူစရာမလိုဘူး ဘာလို့လည်းဆိုတော့
မားကို ငါနားလည်အောင် ပြောပြမှာမလို့လေ ငါ့ရွေးချယ်မှုကို မားက လေးစားမယ်လို့ထင်တယ်"

"အဲ့လိုဆိုကောင်းတာပေါ့ ဒါပေမယ့် မလွယ်လောက်ဘူးနော်"

ဒါကို ရှောင်းကျန့်နားလည်ပါတယ်..။ ဝမ်နဲ့ကိစ္စကို
တစ်ခြားသူတွေကသိသွားတော့ ကိုယ်ဖန်တီးခဲ့တဲ့ပြဿနာတွေဆိုပေမယ့် အဓိက မြှားဦးက
မားဆီကိုဦးတည်ခဲ့တာမို့ မားမှာဖြေရှင်းခဲ့ရသေးတယ်။

မားအတွက်တော့ အဲ့ဒီပြဿနာဖြေရှင်းဖို့က ဘာမှ
မခက်ပေမယ့် စိတ်အနှောက်ယှက်တော့ဖြစ်စေတာကြောင့်
တစ်ခါတစ်လေ မားကိုအားနာမိတယ်။

Ring 📱

Phone မြည်သံကြောင့် ဖုန်းကိုထုတ်ကာ Screenပေါ်က
နံပါတ်ကိုပြူးပြဲကြည့်တော့ ဝမ်ဆီကခေါ်ဆိုမှုတစ်ခု...။

မျက်မှောင်ကြီးကြုတ်ပြီး ခဏလောက်တွေးလိုက်တော့
ဖုန်းကကျသွားပြီး နောက်တစ်ကြိမ်ထပ်မြည်လာသည့်
အချိန်မှာထပ်တွေးမနေတော့ဘဲ တန်းကိုင်ပစ်လိုက်တယ်။

𝐍𝐨 𝐓𝐰𝐨Donde viven las historias. Descúbrelo ahora