[44]

1.1K 118 20
                                    

Unicode 🌴

မြေအောက်ထပ်မှာက လေဝင်လေထွက်မကောင်းလို့လားမသိ။ ရိပေါ်ကအခုထိ
အသက်သာသေး၍ဒီနေ့တော့ မြေအောက်ထပ််ကနေ
ခေါ်ထုတ်သွားဖို့ ဆုံးဖြတ်ထားသည်။

သူ ရိပေါ်ကိုမတရားလုပ်လိုက်တဲ့ ကိစ္စပါပေါင်းပြီး
အဖျားရှိန်က ပိုတက်လာတယ်လည်း ထင်မိပါတယ်။
အဲ့အတွက် သူ့မယ်၄ရက်လောက် ချော့ခဲ့ရသေးတယ်။

အဖျားကနေ့ခင်းဆို သက်သာသွားတတ်ပေမယ့်လည်း
ညဘက်ဆိုပြန်ပြန်ဖြစ်လာသဖြင့် သူ့ခင်ဗျာ မအိပ်ပဲ
ကိုယ်ပူရှိန်ကျအောင် လုပ်ပေးခဲ့ရတယ်..။ နောက်ပြီး
ဖျားနေတဲ့အတွက် ထိုးနေကျဆေးကို မထိုးတာအတော်
ကြာပြီ။

ဒီတစ်ခါနေပြန်ကောင်းသွားတဲ့အချိန်မှ ထိုးမယ်လို့
တေးထားလိုက်တယ်။ စိတ်ကပဲထင်နေတာလားတော့မသိ။
ကောင်လေးကဘေးမှာ ရှိနေပေမယ့်လည်း ထပ်ပြီး
ဆုံးရှူံးရဦးမယ်ဆိုတဲ့ခံစားချက်ကို ရနေသဖြင့် ရတက်တော့
မအေးနိုင်ပါ။

"ကိုကို ဘယ်သွားမလို့လဲ "

လူကိုပွေ့ပြီး တစ်နေရာကိုဦးတည်နေတော့ ရိပေါ်ခင်ဗျာ
သိချင်စိတ်နဲ့မေးလိုက်တယ်။

"ဒီထဲမှာမင်းကိုဆက်ထားရင် ပြန်ဖျားနေမယ်သိလို့လေ
အဲ့ဒါကြောင့် အခန်းရွှေ့ပေးမလို့!!

ဆိုတော့ ရိပေါ်မျက်လုံးတွေက တောက်ပလာတယ်။
နောက်ဆုံးမှာတော့ ဒီအခန်းကနေ ထွက်လို့ရပြီပေါ့..။

ဒါက သူမျှော်လင့်ထားတဲ့အတိုင်းပဲ။

ရိပေါ် သူရောက်နေတဲ့အခန်းကို မယုံကြည်နိုင်တဲ့
မျက်ဝန်းတွေနဲ့ငေးကြည့်တယ်။ ရှောင်းကျန့်က သူ့ကို
ကုတင်ပေါ်မှာသာသာလေး ချပေးပြီးနောက် လိုက်ကာတွေကို
ဆွဲဖွင့်လိုက်တယ်။ ပြီးမှ အခန်းပြတင်းပေါက်ကို ဖွင့်တော့
အပြင်ကနေရောင်ကြောင့် တစ်လနီးပါး နေရောင်
မမြင်ရသည့် ရိပေါ်မျက်လုံးတွေကကျိန်းသွားတယ်။

ဟုတ်တယ်။ ဒီမြင်ကွင်းကို လွမ်းနေတာ။ အပြင်က
နေခြည်နုနုလေးတွေကိုရော...

"ကိုကို ကျွန်တော် ဒီကိုရောက်တာဘယ်လောက်
ကြာပြီလဲ!

"တစ်လ "

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now