Unicode 🌴
Breakfast စားပြီးတာနဲ့ သူ့ရဲ့ကားအကောင်းစားကြီးနဲ့
ဘယ်ကိုခေါ်လာမှန်းမသိတဲ့ လူကြီးကြောင့် ရိပေါ်
လိုက်သာလိုက်လာရတယ်။ ကားမောင်းရင်းရုပ်တည်ကြီးနဲ့
စကားတစ်ခွန်းတောင်ပြောမလာသူကို သူ့ဘက်ကလည်း
စပြီးမမေးရဲဘူး..။ကားရပ်လိုက်တော့မှ ကြောင်ကြောင်ကြီး ကားပေါ်မှဆင်း၍
ဘေးကိုတစ်ချက်ဝေ့ကြည့်တော့ ကိုကိုက သွားလေ
ဆိုတဲ့သဘောနဲ့ကြည့်နေတာကြောင့်"ကိုကို ဒါက!!
"Shopping ထွက်ကြတာလေ ပိုက်ဆံအတွက်မပူပါနဲ့
ကိုကို မင်းအတွက် မင်းလိုချင်တာတွေ အကုန်ဝယ်ပေးမယ်
ကြိုက်တာဝယ်နော် နေ့လည်စာကို ကိုယ်တို့၂ယောက်
အပြင်ကဆိုင်မှာ အတူတူစားမယ် ညစာအတွက်
ဟင်းချက်စရာတွေဝယ်ပြီး အတူတူချက်စားကြမယ်
မကောင်းဘူးလား အိမ်လည်းမပြန်နဲ့တော့ ဒီညကိုကိုနဲ့
အတူအိပ်လိုက်တော့... ""တကယ်လား!!
"အင်း တကယ်ပေါ့ သွားရအောင် မင်းအတွက် ကိုကို
ကိုယ်တိုင် အင်္ကျီ ရွေးပေးမယ်!!"ဟုတ်!!
ကိုကိုက သူပြောသလိုပဲ အင်္ကျီ ကိုယ်တိုင်ရွေးပေးကာ
ရိပေါ်နဲ့ဘာအရောင်က ပိုလိုက်တယ်ဆိုတာပါ
ပြောပေးတာမို့ ရိပေါ်က ခေါင်းညိတ်ပြီးသာ အနောက်ကနေ
တောက်လျှောက် လိုက်လာခဲ့ရတယ်။"ကိုကို့အတွက်လည်း ဝယ်လေ ကျွန်တော်အတွက်ချည်း
ဝယ်မနေနဲ့ ""ကိုကိုကရတယ် အခု ရိပေါ်အတွက် ဝယ်ပေးချင်တာ
မထင်ရဘူး မင်းက အကုန်လုံးနဲ့ လိုက်သားပဲ ကိုယ်မကြိုက်တဲ့ အဖြူရောင်နဲ့တောင် လိုက်သေးတယ် ""ကိုကိုက အဖြူရောင်မကြိုက်ဘူးလား!!!
"ဟုတ်တယ်!!!
"ဒါပေမယ့် ကိုကိုကဆရာဝန်လေ နောက်ပြီး
ဂျူတီကုတ်ကလည်း အဖြူရောင်နော် ဘယ်လိုကြောင့်
မကြိုက်ရတာလဲ"ဆိုတော့ တစ်ချက်မျှပြုံး၍ ဘာမှပြန်မဖြေတော့...။
ကိုကို့အပြုံးထဲမှာ ဝှက်ထားသည့် တစ်စုံတစ်ခုအား
ခံစားမိပါသော်လည်း အဖြေရှာဖို့ မကြိုးစားမိတော့...။