[45]

1.2K 135 30
                                    

Unicode 🌴

"ဘာတွေလုပ်နေတာလဲ ဝမ်ရိပေါ်"

ရိပေါ် အံ့ဆွဲထဲကဖုန်းလေးကိုတွေ့လို့ပျော်တုန်းရှိသေးတယ်
အနောက်ပါးမှ အလိုမကျဟန်ထွက်လာတဲ့ အသံကြောင့်
တစ်ချက်တွန့်သွားသည်...။

"ငါမေးနေတယ်လေ!

"ဟို.. ကျွန်တော်"

ချိတုံချတုံ ဖြစ်နေသူကို စိတ်မရှည်စွာပဲ ဆွဲလှည့်ပစ်လိုက်တော့ လက်ထဲမှာ ရှိနေတဲ့သူ့ဖုန်းကြောင့်
မျက်ခုံးပင့်လိုက်တယ်။

နောက် ၊ အကြည့်တွေက အရိုင်းဆန်ဆန်ရဲတောက်သွားပြီး
တောက်တစ်ချက်ကို ပြင်းပြင်းထန်ထန်ခေါက်တော့
ရိပေါ်ကိုယ်လေးပါ တုန်တက်သွားတယ်..။ ဒါတောင်
လက်ထဲကဖုန်းကို တင်းနေအောင်ဆုပ်ကိုင်လိုက်သေးသည်။

ရှောင်းကျန့်က နေ့ခင်းမှာအနားယူအိပ်စက်နေတာမို့
ဖုန်းကိုလိုက်ရှာပြီး ရှီးချန်ကိုဆက်သွယ်မည်အလုပ်
ဘယ်ကနေဘယ်လိုနိုးသွားလည်းဆိုတာမသိ..။ အခုတော့
နိုးသွားပြီမို့ အကုန်သဲထဲရေသွန်ဖြစ်ကုန်ရပြီ။

ဒါပေမယ့် ရိပေါ် လုံးဝ ဒီကိစ္စကို နောက်ဆုတ်လိမ့်မည်မဟုတ်
သလို ၊ လျှောချသွားလိမ့်မည်လည်းမဟုတ်။

ရှောင်းကျန့် လက်ထဲကဖုန်းကို ဆွဲယူပြီးခုံပေါ်ပစ်တင်ကာ
ဒေါသပုန်ထနေတဲ့အကြည့်တွေကို ရိပေါ်ထံပစ်ပေးရင်း

"မင်းက သိပ်ပြီးသတ္တိတွေ ရှိနေတယ်ပေါ့ ဟုတ်လား"

ပါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဖျစ်ညှစ်ပြီး ရိပေါ်မျက်နှာနဲ့
နီးနီးကပ်ကပ် တိုး၍မေးလိုက်ခြင်း။

ရိပေါ်က သက်သာသွားပြီဖြစ်ပေမယ့်လည်း မြေအောက်ထပ်ကိုလုံးဝမသွားချင်ဘူးလို့ အပူကပ်လာ၍
သနားသောအားဖြင့် အခန်းထဲမှာသာသူနဲ့ ခေါ်ထားခဲ့သည်။

ဒါတောင် ကောင်းကောင်းမနေနိုင်တဲ့ကောင်.။

"မင်းက သနားလို့မရဘူးပဲ"

ရိပေါ် သူ့လက်တွေကိုဖြုတ်ချလိုက်ပြီး

"ပိတ်လှောင်ခံထားရတာကို ကျွန်တော်က ဝမ်းသာနေရမှာလား"

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now