[57]

1.2K 84 4
                                    

Unicode🌴

"Sean အပြင်ကပြန်လာတော့ပင်ပန်းနေပြီလားဟင်!

"ပင်ပန်းစရာလား ဟောဒီက ကိုယ့်အသည်းလေးကို
တွေ့ရတော့ ပင်ပန်းတယ်လို့တောင် မခံစားရတော့ဘူး"

Seanက ဟိုတစ်ခေါက်Clubကကိစ္စဖြစ်ပြီးကတည်းက
သူ့ကိုအပြင်မခေါ်တော့ဘဲများသောအားဖြင့်အိမ်ထဲမှာသာ
နေစေခဲ့သည်။

"လာပါဦး ကိုယ့်အနားကို ဖက်ထားချင်လို့!

သူခပ်မြန်မြန်လေး Seanအနားကိုလျှောက်သွားတော့
Seanကသူ့ကိုရင်ခွင်ထဲဆွဲသွင်းတာမို့အလိုက်သင့်လေး
ရင်ခွင်ထဲကိုပစ်ဝင်မိလျက်သားဖြစ်သွားတယ်။ ပြီးနောက်
Seanကသူ့ကိုတင်းနေအောင်ဖက်၍ မျက်နှာအနှံ့အပြားကို
နမ်းနေလိုက်သည်။

သူSeanအနားကိုရောက်နေတာတော်တော်ကြာပြီဆိုပေမယ့်
အခုထိထွက်ပြေးလို့မရသေး။ သူကိုယ်တိုင်၌ကလည်း
တစ်ခါမှမကြိုးစားခဲ့ဖူးခဲ့။

Ring 📱

ထိုစဉ်ဖုန်းကထမြည်လာသဖြင့်Seanကြည့်လိုက််တော့
ခေါ်သူကရှီးချန်ဆိိုတာကြောင့်ပစ်ထားလိုက်ပေမယ့်လည်း
နောက်တစ်ကြိမ်ထပ်ခေါ်လာသဖြင့်ဖုန်းကို၊ ကိုင်လိုက်သည်။

"ဟယ်လို!

"Sean ကျွန်တော်ခင်ဗျားခြံရှေ့မှာရောက်နေတာ
တံခါးဖွင့်ပေး"

ဒါကမဖြစ်မနေရင်ဆိုင်ရမယ့်ပြဿနာကြီးတစ်ခုဆိုတာ
သိပေမယ့်လည်းဒီလောက်ထိမြန်လိမ့်မယ်လလို့တော့မထင်ထား။
ဝမ်ကိုဖျတ်ခနဲကြည့်လိုက်တော့လည်းသူ့့ကိုဘာမှမသိတဲ့
ပုံစံဖြင့်ကြည့်နေတာကိုတွေ့ရသည်။

Computer ကနေတဆင့်ခြံရှေ့ကCCTVကိုကြည့်တော့
တကယ်ပဲရှီးချန်ဖြစ်နေသဖြင့်ခြံတံခါးကိုဖွင့်ပေးလိုက်တယ်။

"Seanဘယ်သူလည်းဟင်"

"ဘယ်သူမှမဟုတ်ပါဘူး အသိတစ်ယောက်ပါ"

"အာ.. "

"Sean, Sean ခင်ဗျားထွက်လာခဲ့စမ်းပါ"

ရင်းနှီးတဲ့အသံကြည်တောက်တောက်လေးတစ်ခုကြောင့်
Seanတွေခနဲဖြစ်သွားတယ်။ သို့နှင့် သူတို့ရှိရာကို
ရောက်လာသည့် သူတွေကြောင့်မျက်လုံးတွေပြူးသွားသလို
ဝမ်ကလည်းအလန့်တကြားထိုင်ရာမှထရပ်ပစ်သည်။

𝐍𝐨 𝐓𝐰𝐨Место, где живут истории. Откройте их для себя