[11]

983 108 23
                                    

Unicode 🌴

ရိပေါ် ဆိုဖာပေါ်ကျောမှီပြီး ရှေ့ကစားပွဲခုံပေါ်ကို
ခြေထောက်နှစ်ဖက်ဆန့်တင်ထားလိုက်တယ်..။ နောက်ပြီး
လက်ထဲကဖုန်းကို ကလိရင်း ရှောင်းကျန့်လက်ထဲက
အခွံနွှာပြီးသား လိမ္မော်သီးစိပ် လေးကို လှမ်းစားလိုက်သည်။

ဆေးရုံကနေ အမြန်ပြေးခဲ့ပြီးနောက် အနီးရှိ ကုန်တိုက်ကနေ
ရိပေါ်စားချင်တယ်ဆိုတဲ့အသီးတစ်ချို့ကိုပါ ဝယ်ခဲ့ရသေး
တယ်..။ ဒီမှာ အချိန်အကြာကြီးနေလို့ မကောင်းဘူး
ဒီနေ့ဝမ်နဲ့ နေ့လည်စာ စားဖို့ချိန်းထားတာဆိုတော့...။

သူပေးထားတဲ့ ကတိကြောင့်သာ ရိပေါ်နဲ့အတူရှိရပေမယ့်
တကယ်တမ်း တစ်မိနစ်တောင် မနေချင်ဘူးလို့ ရိုးရိုးသားသားဝန်ခံပါတယ်။

မျက်မှောင်ကြုတ်ထားတဲ့ သူ့ကိုကြည့်ပြီး ရိပေါ်လက်ထဲက
ဖုန်းကိုခဏချလိုက်တယ်။

"ကိုကို့မျက်နှာကြီးက ဘာဖြစ်နေတာလဲ မသိရင်
ကျွန်တော်က အတင်းဖိအားပေးထားတဲ့အတိုင်းပဲ"

တကယ်ဖိအားပေးထားတာ မှန်ပေမယ့် ရှောင်းကျန့်
ဘာစကားမှသွားမပြောရဲဘူး။ တော်ကြာစိတ်ဆိုးသွားရင်
သူကြောက်တဲ့ကိစ္စကြီးကို ရိပေါ်ထလုပ်မှာစိုး၍..

မပြုံးချင်ပေမယ့် ချက်ချင်းဆိုသလို ဟန်ဆောင်ပြီး
ပြုံးပြရတယ်။

"ဘာမှမဖြစ်ပါဘူး ဟုတ်သားပဲ မင်းနေ့လည်စာ
စားပြီးပြီလား "

"ပြီးပြီ မနက်ကတည်းကကိုကို ချက်ထားပေးခဲ့တာပဲ
စားလိုက်တော့တာ"

"အင်း.. ဒါဆို ကိုယ်သွားလို့ရပြီလား"

ရိပေါ်ကမျက်ခုံးပင့်လျက် ကြည့်လာပြီး

"ဘာလို့?

"ဝမ်နဲ့ချိန်းထားလို့!

"အာ.. ကျွန်တော်နားလည်ပြီ ဒါပေမယ့် ခဏလောက်တော့
နေပေးပါဦး အသီးစားလို့မဝသေးလို့!!

ရိပေါ်အချိန်ကို ဆွဲနိုင်သလောက် ဆွဲဆန့်နေမှန်းသူသိတယ်။
အခုချိန်ဆို ဆိုင်မှာဝမ်က စောင့်နေတော့မှာပဲ...။

"ချိုလား!

"မူရင်းကဒီလောက်ချိုမှာမဟုတ်ဘူး ကိုကို ကိုယ်တိုင်
ခွံ့ကျွေးလို့ထင်တယ် အရမ်းချိုတယ်"

𝐍𝐨 𝐓𝐰𝐨Dove le storie prendono vita. Scoprilo ora