[28]

1.2K 127 68
                                    

Unicode 🌴

"ဖျားနေတာကို ဘာလို့ဆေးမသောက်ပဲနေရတာလဲ
ဒါမှမဟုတ် ကိုယ့်ကို ဖုန်းဆက်ခေါ်ရင်လည်း ပြီးရောပေါ့
မဟုတ်ဘူးလား"

တိုက်ခန်းကို ရောက်သည်နှင့် တရစပ်ပြောလာသော
ဗျစ်တောက် ဗျစ်တောက်စကားတို့ကို ရိပေါ်
ဥပေက္ခာပြုထားလိုက်တယ်။

"ဘာလို့ မဆက်သွယ်ရတာလဲ!!!

ရှောင်းကျန့် ကောင်လေးမျက်နှာကိုကြည့်ရင်း မျက်နှာရိပ်ကို
တန်းဖတ်နိုင်တယ်..။ သေချာတာကတော့ ထိုကောင်လေး က
သူ့ကိုစိတ်ဆိုးမပြေသေးဘူးဆိုတာပဲ..

"အာ.. မင်း ကိုယ့်ကို စိတ်ဆိုးနေသေးတာလား "

တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းပဲမို့ သူ အဲ့လိုပဲသတ်မှတ်လိုက်တယ်။ ပြီးနောက် ကုတင်ပေါ်မှာ
တင်ပါးလွှဲဝင်ထိုင်ကာ ဖျော့တော့နေသော မျက်နှာအား
ဂရုဏာသတ်စွာ ကြည့်လိုက်ရင်း လက်ကလည်းရိပေါ်ရဲ့
နှဖူးပေါ်ကိုတင်ဖို့မမေ့...

"တဆယ် ဖျားနေတာပဲ အရင်ဆေးသောက်ကြည့်လိုက်
မသက်သာရင် ဆေးထိုးရအောင်နော် ဟုတ်ပြီလား!!

ပြီးနောက် အံဆွဲကိုဖွင့်ကာ သူအရင်ကရိပေါ်အတွက်
ဝယ်ပေးတဲ့ဆေးဗူးတွေကို ထုတ်ယူလိုက်ပြီး ဆေးစပ်ပေးလိုက်တယ်။

"ဆေးအရင် သောက်လိုက်!!

ရိပေါ်ကခေါင်းလည်းမညိတ် ခေါင်းလည်းမခါဘဲနဲ့
သူ့လက်ထဲကဆေးတွေကိုယူပြီး သောက်လိုက်တယ်..။
ပြီးတာနဲ့ တစ်ဖက်လှည့်ပြီး အိပ်သွားတဲ့ရိပေါ်ကြောင့်
သူ့ခင်ဗျာ ကြောင်တောင်တောင်လေးရယ်။

"ရိပေါ် ကိုကိုတို့စကားပြောရအောင်!!

ပြောပြောဆိုဆို ပုခုံးတစ်ဖက်ကို ၊ ကိုင်ပြီးဆွဲလှည့်လိုက်တဲ့
သူကြောင့် ရိပေါ်မျက်နှာကအလိုမကျခြင်းများစွာဖြင့်
သူ့ကိုပြန်ကြည့်လာ၏..။

"ကိုကိုတို့စကားပြောမယ်!

"ကျွန်တော်မှာခင်ဗျားနဲ့ ပတ်သတ်ပြီးပြောစရာမရှိဘူး!!

"ဒါပေမယ့် ကိုယ့်မှာရှိတယ်"

'ဘာလဲ' ဆိုတဲ့သဘောနဲ့ ပြန်ကြည့်ပေးလိုက်တော့
ရှောင်းကျန့်ဘက်ကဆက်၍

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now