Extra 1 💚

414 34 3
                                    

Unicode🌴

"ကိုကို ကျွန်တော်အိမ်မက်ဆိုး မက်ပြန်ပြီ!!!

အနောက်ကနေခါးကိုဖက်ကာကျောပြင်နဲ့မျက်နှာအပ်ပြီးငိုရင်း
ဆိုလာလေသူကြောင့်လှုပ်ရှားမှုတွေရပ်တန့်သွားပြီးအနောက်ကို
လှည့်ကြည့်တော့မျက်ရည်အပြည့်ဖြင့်သူ့ကိုကြည့်လာသောသူ။

လှိမ့်ဆင်းလာသည့်မျက်ရည်တွေအားဖွဖွသုတ်ဖယ်ပေးရင်း
သက်ပြင်းဖွဖွချမိတော့သည်။ အခုနောက်ပိုင်း ရိပေါ်က
အိပ်မက်ဆိုးတွေပိုပိုမက်လာသဖြင့် ဘယ်အချိန်မဆို အိပ်ရမှာ
သေလောက်အောင်ကြောက်လာသည်။

ရိပေါ်ဘာကြောင့်ဒီလိုဖြစ်တယ်မသိ။ တစ်ခါတစ်လေ အခန်းထဲ
တစ်ယောက်ထဲ ရှိန်ချိန်တွေကိုပိုဆိုး၏။ နေလည်းမနေရဲသလို
သရဲခြောက်တယ်လို့တောင်ပြောသေးတယ်။ သို့ပေမယ့် ဒီမှာ
နှစ်ချီပြီးနေလာသူပီပီ သရဲမခြောက်တာ ကိိုယ်တိုင်အသိဆုံး။

ဒါပေမယ့် ရိပေါ်ပုံစံကိုကြည့်ပြီး မယုံဘူးဆိုပြီးပြောရမှာလည်း
အခက်တွေ့ရ။ ကောင်လေးပုံစံက အအိပ်ပျက်နေသလို
အစားပါပျက််နေသဖြင့် တစ်ဖြည်းဖြည်းပိန်လိုက်နေတာပဲ။

ဒေါက် ဒေါက်

"အားကျန့်ရေ ရိပေါ်ကိုခေါ်ပြီးခဏထွက်ခဲ့ပါဦး!!!

အပြင်ဘက်ကအသံပေးတဲ့မားကြောင့် ရိပေါ်နဲ့အတူ အောက်ထပ်
ကို ဆင်းခဲ့လိုက်တော့ ဆိုဖာပေါ်မှာ ထိုင်နေတဲ့မျက်နှာစိမ်း
လူကြီးအားတွေ့ရသည်။

"ထိုင်ပါဦး!!

မားရဲ့ဘေးမှာထိုင်ချလိုက်ပြီး ထိုလူကြီးမျက်နှာကိုကြည့်၍

"မား သူကဘယ်သူလဲ!

"မားရဲ့လုပ်ဖော်ကိုင်ဖက်မိတ်ဆက်ပေးတာလေ သူက
စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်ပဲ!!!

စိတ်ကျန်းမာရေးဆရာဝန်ဆိုသောကြောင့်ရင်ထဲဒိန်းခနဲဖြစ်လို့
သွားတယ်။ မားကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့
သူ့အသွင်ကြောင့်

"မင်းဘာတွေးနေလည်းဆိုတာကို မားသိပါတယ် ဒါပေမယ့်
ရိပေါ်အခြေနေက ပိုပိုဆိုးလာတယ်လေ ဒါကစိတ်နဲ့ပဲဆိုင်တော့
မားတွေးတတ်တာ ဒါအကုန်ပဲ!!

You've reached the end of published parts.

⏰ Last updated: Oct 11 ⏰

Add this story to your Library to get notified about new parts!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now