[16]

1K 119 42
                                    

Unicode 🌴

အခန်းထဲဝင်ဝင်ချင်း ပန်းရနံ့တို့က ခရီးဦးကြိုပြုတာမို့
ချက်ချင်းမျက်မှောင်ကြုတ်ပစ်လိုက်သည်...။ မလှမ်းမကမ်း
မှာရှိတဲ့ဆိုဖာပေါ်က ရိပေါ်ထံလျှောက်လာပြီးနောက်
ရိပေါ်ရှေ့ခုံမှာ အများအပြားရှိတဲ့ နှင်းဆီပန်းတွေကြောင့်
သူတောင်နားမလည်နိုင်စွာ ကြောင်ခနဲတစ်ချက်ဖြစ်လို့
သွားရသည်။

"ဒါက မင်းအခန်းလား ငါက ပန်းခင်းနဲ့မှားလာတယ်
ထင်နေတာ"

ရိပေါ်က နှစ်ခြိုက်စွာပြုံးရင်း အနောက်ကသူ့ကို
လှည့်ကြည့်လို့

"အရေးကြီးတာလေးတွေ လုပ်နေတာလေ!

"ပြောစမ်းပါဦး အရေးကြီးတယ်ဆိုတာက ဘာများလဲ"

ရိပေါ်ဘေးမှာ ကပ်ထိုင်လိုက်ပြီး ရှေ့ကစားပွဲခုံပေါ်ရှိ
ပန်းတွေအား ကြည့်ရင်းပိုလို့ပင်နားမလည်နိုင်...။

"ကိုကို့အတွက် ကြိုးစားပေးနေတာ"

"ငါ့ အတွက်?

"ဟုတ်တယ်လေ ကိုကိုပဲဝမ်ကို ပြန်တောင်းပန်ချင်တယ်ဆို
လက်ဗလာနဲ့ သွားတာထက်ပန်းစည်းလေး ပါသွားတော့
ပိုမကောင်းဘူးလား "

သူတစ်ချက်ပြုံးရင်း ခေါင်းခါ လိုက်တယ်။ ပြီးမှ

"မင်းအဲ့လိုလုပ်တော့ ဆူးမဆူးဘူးလား ဘာလို့
အပင်ပန်းခံနေရတာလဲ ပန်းဆိုင်မှာ အချိန်မရွေးဝယ်လို့
ရနေတာဘဲလေ"

ရှောင်းကျန့်စကားကြောင့် နှင်းဆီပန်းတွေစီရီနေတဲ့
လက်လေးကရပ်တန့်သွား၏။ ပြီးနောက် ဘေးကသူဆီကို
တစ်ချက်ကြည့်၍ ပြုံးကာ

"ဝယ်တာနဲ့ ကိုယ်တိုင်လုပ်တာနဲ့တော့ ဘယ်တူပါ့မလဲ
ကိုကိုမကြားဖူးဘူးလား ပန်းပေးတာက အရှူံးပေးတာနဲ့
အတူတူပဲတဲ့"

"..........."

"အချစ်သကႅတပါတဲ့ နှင်းဆီနီတွေပေးတော့
ကောင်းတာပေါ့ ကိုကိုရယ် ဝမ်ကလည်းတုံးတဲ့သူမဟုတ်ပါဘူး ကိုကိုဘာပြောချင်လည်း
သူသိလောက်မှာပါ"

"အဲ့လိုဆို တစ်ခြား အချစ်သကႅတပါတဲ့ ပန်းတွေမှ
အပုံကြီးပဲ ဘာလို့ နှင်းဆီပန်းကို ရွေးပေးရတာလဲ?
ကြည့်ဦး မင်းလက်တွေဆူးဆူးကုန်ပြီလေ... "

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now