[39]

1.2K 120 42
                                    

Unicode 🌴

"ကိုကို့ကို ပြောသားပဲ ကျွန်တော်အဆင်ပြေပါတယ်ဆို
အခုအောက်ချပေးတော့!!

ရိပေါ် ဆေးရုံကဆင်းတာကြောင့် သူက ကားပေါ်ကနေ
တိုက်ခန်းဆီကို ပွေ့ပြီးသယ်လာပေးတာမို့ ရိပေါ်မှာ
မသက်မသာညည်းညူပစ်လိုက်၏..။

ဒါတောင် ထိုလူကြီးခင်ဗျာ အပြုံးမပျက်တဲ့အပြင်
တိုက်ခန်းရဲ့ဆိုဖာခုံပေါ်မှာ သူ့ကိုငြိမ်ငြိမ်လေးသာ
ထိုင်နေခိုင်းပြီး ဝယ်လာတဲ့သစ်တော်သီး တစ်ချို့ကို
သူစားဖို့ သွားပြင်ပေးလေရဲ့။

ပေကျင်းကိုသူရောက်တာ ၈လကျော် ၉လလောက်တောင်
ရှိရောပေါ့။ တိုက်ခန်းကို ၆လစာပဲပေးပြီး ငှားတာမို့
၆လပြည့်တဲ့နေ့မှာပဲ ငွေဖြည့်ပြီး ဒီမှာပဲဆက်နေလိုက်တယ်။
ငှားတယ်ဆိုကတည်းက ပေကျင်းမှာသူနေလိုတဲ့စိတ်
နည်းနည်းမှမရှိတဲ့အတွက်ပဲ။

"ပျင်းနေပြီလား!!

သစ်တော်သီးကို သေးသေးလေးတွေဖြစ်အောင်စိပ်ထားတဲ့
ပန်းကန်နဲ့အတူ သူ့ဘေးမှာဝင်ထိုင်ပြီး သစ်တော်သီးတစ်စိပ်ကို သူ့ပါးစပ်ထဲထည့်ပေးတယ်။

"အပျင်းပါဘူး ကိုကိုက ကျွန်တော်ကို သေးသေးလေးကအစ
အကုန်လိုက်လုပ်ပေးနေတာ မပျင်းဘူးလားဟင်!!!

"ဟက်.. ပျင်းစရာလား ကိုကို က ဒီလိုဂရုစိုက်ပေးရတာကို
ပျော်နေတာ!!

ဒီလိုနဲ့ ကိုကိုမရှိပဲ မနေတတ်တော့ရင် ဘယ်လိုလုပ်ရပါ့မလဲ။

"ကိုကို ဆေးရုံမသွားဘူးလား!!

"ရိပေါ်ကို အိမ်ပြန်ဖို့လာခေါ်ရင်းနဲ့ တစ်ခါတည်း
ပြောလိုက်တော့ သူက လက်ခံတယ် ဘာမှမဖြစ်ပါဘူး
​နေ့လည်၂နာရီကျရင် ဂျူတီချိန်ရှိတယ် ကိုယ်ဒီည
၁၂ထိဆေးရုံမှာ နေပေးရလိမ့်မယ်!!

ရိပေါ် ခပ်ပြုံးပြုံးပဲ ရှောင်းကျန့်လက်မောင်းပေါ်ကို
ဖက်တွယ်ပြီး ခေါင်းလေးစောင်းမှီချလိုက်တယ်..။

"ဒါဆို ကိုကိုရှိရာကိုကျွန်တော်လာပြီး အဖော်ပြေုပေးမယ်လေ ဘယ်လိုလဲ ကိုကိုတစ်ယောက်ထဲ
ဖြစ်နေမှာစိုးလို့!!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now