[51]

1K 105 10
                                    

Unicode 🌴

  သူ ရိပေါ်ကို ဒဏ်ရာတွေပျောက်သွားရင် ထွက်သွားပေးမယ် ပြောပြီးနောက် ရိပေါ်ဘက်ကသူ့ကို
ပြဿနာလာမရှာတော့သလို ခဏခဏထွက်သွားဖို့လည်း
လာမပြောတော့။ အဲ့ဒီအစား ပိုပြီးမသိချင်ယောင်ဆောင်၍
ဥပေက္ခာပြုနည်းတွေကို ဒီကောင်လေးဘယ်ကနေ ဘယ်လို
တတ်မြောက်လာသလည်းမသိ။

စကားတစ်ခွန်းမှမပြောလာဘူးဆိုပေမယ့်လည်း ကြုံရင်
ကြုံသလိုလည်းစောင့်ကြည့်တတ်သေးတယ်။ သည်ကြားထဲ
ဒဏ်ရာကပါဖြည်းဖြည်းချင်း ပျောက်စပြုနေတာမို့
တစ်နေ့ကတောင်ဒဏ်ရာကို အသစ်အတိုင်းပြန်ဖြစ်အောင်
ကြိုးစားခဲ့ရသေးသည်။ ထိုကောင်လေးကတော့ထုံးစံအတိုင်း
မပျောက်ကင်းသေးတဲ့ဒဏ်ရာကိုကြည့်ပြီး သက်ပြင်းတချချ။

အဲ့ဒီပေါက်စအနားကို ဆက်နေချင်လို့သာ ကြံမိကြံရာ
ကြံလိုက်မိပေမယ့် တစ်ဖက်ကနေကြည့်ပြန်ရင်လည်း
စိတ်ညစ်နေပုံရတဲ့ကောင်လေးကိုကြည့်ပြီး နည်းနည်းမှ
စိတ်မချမ်းသာဘူး။ ဒီတော့ ရင်နာနာနဲ့ ထွက်သွားပေးဖို့
ရွေးချယ်လိုက်တော့တယ်..။

ဒီကိုရောက်လာတဲ့ရက်တွေမှာ ကောင်လေးအလုပ်အကိုင်က
မရိုးရှင်းမှန်း နားလည်သဘောပေါက်သွားရတယ်..။
ဒါကြောင့် ဒီမှာနေတုန်း ထိုကောင်လေးကိုအတတ်နိုင်ဆုံး
ကာကွယ်ရမယ်လို့ စိတ်ပိုင်းဖြတ်ထားသည်။

"ရှောင်းကျန့် ခင်ဗျားထွက်ခဲ့စမ်းပါ!!!

"ရိပေါ် စိတ်ထိန်း!

"မင်းဖယ်စမ်းပါ ငါအဲ့လူကြီးနဲ့ စာရင်းရှင်းရမယ်"

အသံစူးစူးကြောင့် သူခေါင်းလေးဆတ်ခနဲထောင်ကာ
ကြည့်နေတုန်း အခန်းတံခါးကိုခြေထောက်နဲ့ ကန်ကာ
ဝင်လာခဲ့သည့်သူ။ လက်ထဲမှာလည်း သေနတ်ကြီးနဲ့မို့
ပိုလို့တောင်သူ့အတွက် ထူးဆန်းသွားတယ်။

"ရိပေါ် ငါပြောနေတယ်လေ စိတ်လျှော့လို့"

"မင်းအပြင်ထွက် ငါသူနဲ့ရှင်းမလို့!!

"ဒါပေမယ့်!!!

ရိပေါ်ရဲ့အကြည့်တစ်ချက်က သူ့ဆီဒိုင်းခနဲမို့ ရှီးချန်
အပြင်ကိုယောင်လည်လည်လေး ပြန်ထွက်သွားတယ်။

𝐍𝐨 𝐓𝐰𝐨حيث تعيش القصص. اكتشف الآن