[41]

1.2K 138 56
                                    

Unicode 🌴

"မင်း ဘာဖြစ်နေတာလဲ "

တုန်လှုပ်ခြောက်ခြားနေတဲ့အသွင်နဲ့ သူ့ကို ကြည့်လာသူအား
ရှောင်းကျန့်နားမလည်စွာမေးလိုက်တယ်...။
သူတို့နှစ်ယောက် ချစ်သူသက်တမ်း၃လကြာပြီးနောက်
မားနဲ့ဦးလေးချန်ရဲ့ လက်ထပ်မယ့်နေ့က တစ်ပတ်အတွင်း
ပြုလုပ်မှာဖြစ်သည်..။

မားတို့လက်ထပ်ပြီးမှ သူတို့ဆက်ဆံရေးကို ပြောပြမလို့
လုပ်ထားပေမယ့် လူကဲခတ်သိပ်တော်တဲ့ မားက
သူတို့နှစ်ယောက်တွဲနေတာကို ရိပ်မိသလိုရှိနေပေမယ့်
ဘာမှတော့မပြောလာခဲ့..။

စူးရဲနေတဲ့ မျက်ဝန်းတစ်စုံဖြင့် သူ့ကိုကြည့်လာနေတဲ့
ကောင်လေးပုခုံးကိုအားနဲ့ ဆုပ်ထွေးကိုင်ပစ်လိုက်တော့
ချက်ချင်းရုန်းထွက်သွားသူကို နားမလည်စွာကြည့်လိုက်တယ်။ ဒါ့အပြင် ထိုကောင်လေး က
အနောက်ကိုပိုတိုးဆုတ်သွားပြန်တယ်။

ကျောင်းမှာရှိသမျှသူတွေက အားကစားခန်းမ ထဲမှာ
ရှိနေတာကြောင့် သူတို့၂ယောက်ထဲသာထိုနေရာမှာ
ငေးကြောင်ကြောင်ရှိနေဆဲ...

"ငါ.. ငါဆက်မလုပ်နိုင်တော့ဘူး"

ချက်ချင်းဆိုသလို ပြောပြောဆိုဆို အင့်ခနဲငိုချလာသူကြောင့်
မျက်ခုံးတပင့်ပင့်။

"ငါ ဆက်မလုပ်နိုင်တော့ဘူး ရှောင်းကျန့်"

"............."

"မင်းရဲ့လူသတ်လက်နက် ထပ်မဖြစ်နိုင်တော့ဘူး!!

"ချစ်တယ်ဆို?

"..........."

ဟွားလေးကငိုရင်း ခေါင်းတွေခါရမ်းနေပေမယ့်
သူ့မျက်နှာထက်မှာတော့ ဘာခံစားချက်မှမရှိသည့်
ပုံစံအတိုင်းလေးပဲ တည်တည်ငြိမ်ငြိမ်လေးဖြစ်နေသည်..။

"အဲ့ဒီကောင်သေသွားတာနဲ့ ငါ့ကို ဖျက်ချင်တယ်ပေါ့!!!

"သူက ငါ့ပေါ်အရမ်းကောင်းတာ မင်းမလို့ အဲ့လို
လုပ်ခဲ့တယ် "

ချန်ရီဟွား က ကျောင်းမှာဆိုလူကြိုက်အရမ်းများတာ.။
ရှောင်းကျန့် နဲ့ တွဲနေတယ်လို့ သတင်းတွေထွက်တာတောင်
မကြောက်မလန့်နဲ့ ကြိုက်ချင်သူတွေက ရှိနေတုန်းပဲ။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now