[42]

1.2K 134 25
                                    

Unicode 🌴

"အားကျန့် မားကိုမလိမ်ပဲ အမှန်တိုင်းပဲပြောပါ!

ရောက်ရောက်ချင်း ဝမ်နဲ့မားကသူနဲ့ မျက်နှာချင်းဆိုင်မှာ
ဆောက်နဲ့ထွင်းတဲ့စကားနဲ့ စတယ်။

"ဘာကိုလဲ!

"ရှောင်းကျန့် ရိပေါ် ပျောက်နေတယ် "

"ဟမ်!

မျက်မှောင်ကြုတ်ကာရှေ့က နှစ်ယောက်ကိုကြည့်ပြီး
စိတ်ရှုပ်ထွေးသွားတယ်။

"အဲ့ဒါ ဘာဖြစ်လို့လဲ!

"အဲ့ဒါက မင်းနဲ့ပတ်သတ်နေသလားလို့လေ!!
မဟုတ်ရင် အဲ့ကလေးက အဲ့လိုပျောက်သွားတတ်တဲ့သူ
မဟုတ်ဘူး"

"ရိပေါ်သူငယ်ချင်းက ရိပေါ်ပျောက်နေကြောင်း ကို
ကျွန်တော်ဆီလာပြောမှ ကျွန်တော်လည်းသိရတာ
အဲ့ဒါခင်ဗျားနဲ့ပတ်သတ်နေသလားလို့"

ရှောင်းကျန့်က သူ့ကိုသံသယမကင်း ကြည့်နေတဲ့
၂ယောက်ကိုတစ်ယောက်တစ်လှည့်ကြည့်ကာ မျက်မှောင်
ကြုတ်တယ်။

"သူ ငါနဲ့လမ်းခွဲလိုက်တာ မဟုတ်ဘူးလား သူဘယ်သွားလဲဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲ
မင်းတို့ လူရှာတဲ့နေရာမှားနေပြီထင်တယ် အမှန်ဆိုရင်
ရဲစခန်းမှာလူပျောက်တိုင်ရမှာလေ မဟုတ်ဘူးလား"

ရှောင်းချင်ချင် က ယုံကြည်မှုတွေလွန်ကဲနေတဲ့ သားဖြစ်သူကို
စိတ်ရှည်ရှည်ထားပြီး ကြည့်နေလိုက်တယ်..။

"ဝမ် အပြင်ကိုခဏထွက်ပေးပါ့လား အန်တီ သားနဲ့
စကားခဏပြောချင်လို့!

"ဟုတ်!

ဝမ်က ချက်ချင်းထထွက်သွားတော့ သူမလည်း
သက်ပြင်းချရင်း ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို
ဆုပ်ကိုင်လိုက်တယ်။

"အားကျန့် မင်းလုပ်ခဲ့တာမဟုတ်လားဟင်"

ရှောင်းကျန့်က ဘာမှမပြောပဲ ဘေးဘီကိုဝေ့ကြည့်တော့
ထိုနေရာမှာသူတို့နှစ်ယောက်အပြင် တစ်ခြားဘယ်သူမှ
ရှိမနေတာကို သတိထားမိတယ်။

"ဒါဆိုရင်တော့ သူ့ကိုလွှတ်ပေးလိုက်ပါနော် အဲ့ကလေးက
ဘာအပြစ်မှမရှိပါဘူး မား တောင်းပန်ပါတယ်!!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now