[32]

1.2K 126 62
                                    

Unicode 🌴

ထမင်းစားဝိုင်းမှာ ထိုင်ရင်း ထမင်းပန်းကန်ထဲက
ကြက်ဥကြော်ကိုဇွန်းနဲ့ တစစီချေနေလိုက်တယ်..။
ပါးပါးမရှိတော့တဲ့နောက် မားက အလုပ်ကိုပိုကြိုးစားပြီး။ လုပ်တာနဲ့အမျှ တစ်ခါတစ်လေ အိမ်ကိုတောင်
ပြန်လာချင်မှ ပြန်လာတာ။

ဒီနေ့တော့ မားက သူ့ကြင်ဖက်နဲ့ မိတ်ဆက်ပေးမယ်လို့
ဆိုကာသိပ်မကြာခင် ရောက်လာမယ်လို့တော့မထင်ထား။
ထမင်းစားခန်းဆီလျှောက်လာနေတဲ့ ခြေသံတွေကို
ကြားလိုက်တော့ ရေကိုတစ်ကျိုက်တည်း မော့ကာ
သောက်ပစ်လိုက်သည်..။

"သားက စားတောင်စားနေပြီလား မားကိုတောင်
မစောင့်ဘူး!!

သူမ ၊ ဘေးမှာရပ်နေတဲ့ ထမင်းချက်အဒေါ်ကြီးကို
သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်တော့ ထိုအဒေါ်ကြီးကလည်း ပြာပြာသလဲဖြစ်သွားရှာတယ်။

"တောင်းပန်ပါတယ် သူဌေး ကျွန်မ မေ့သွားတာ!!

"ထားလိုက်တော့ အကိုချန် ထိုင်လေ သားလေးလည်းထိုင်!!

ပြီးနောက် ကိုယ့်နေရာကို ဝင်ထိုင်လိုက်တော့ ရှောင်းကျန့်
ဘေးကကောင်ဆီကိုအကြည့်တစ်ချက် ရောက်သွားတယ်။
သူ့ကိုမြင်တော့ ထိုကောင်ကသွားအကုံးလိုက်ပေါ်အောင်
ပြုံးပြပေမယ့် သူကတော့မှင်သေသေ တစ်ချက်ပဲ
ကြည့်ပေးလိုက်တယ်....။

"ရှောင်းကျန့် က အန်တီရှောင်းရဲ့သားမှန်း အခုမှ
သိတော့တယ်ဗျာ အစကတော့ မျိုးရိုးနည်မည်တူနေတာလို့
ထင်လိုက်တာ "

"ဟမ်.. ဟွားလေးက  အားကျန့်ကိုသိလို့လား
ဒါမှမဟုတ် နှစ်ယောက်သားရင်းနှီးကြတာလား"

"ရှောင်းကျန့်က ကျွန်တော်နဲ့အတန်းအတူတူဘဲလေ
အဲ့ဒါကြောင့် သိနေတာ "

ပါးစပ်နားရွက်ချိတ်မတတ် ပြောနေတဲ့ဟွားလေးစကားကြောင့် သူမ ပြုံးလိုက်မိသည်။
ကလေးတွေချင်း ရင်းနှီးတော့ ပိုတောင်ကောင်းသေးတယ်။

အားကျန့် က သူ့ပါးပါးမရှိတော့တဲ့နောက် အရယ်အပြုံး
စိပ်လာသဖြင့် အစကစိုးရိမ်သွားခဲ့တာ။ နောက်တော့ မှ
ကြင်ဖက်တွေ့ပြီး သားအတွက်ပါးပါးအသစ်ရှာပေးမယ်
ဆိုတဲ့အကြံကောင်းက ထွက်ပေါ်လာခဲ့သည်။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now