[0.3]

1K 111 4
                                    

Unicode 🌴

No Two _ နှစ်ယောက်မရှိ။

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ ဖျော့တော့နေတာပဲ"

"အဖျားနည်းနည်းရှိနေတာ"

Screenပေါ်ကနေ သူ့ကိုစိုးရိမ်တကြီး စိုက်ကြည့်နေတဲ့
ရှီးချန်ကြောင့် ရိပေါ် ခပ်မြန်မြန်ပဲ စကားတုန့်ပြန်တယ်။
နောက် အိပ်ယာဘေးရှိခုံပေါ်မှာ သူစိတ်ပျက်လက်ပျက်
ပစ်တင်ထားတဲ့ ဆေးတွေကို ကြည့်ကာတစ်ချက်မျှ
ပြုံးမိသွားသည်။

"ဆေးခန်းသွားသေးလား!!

"သွားပါတယ် မနေ့ကငါသွားထားတယ်လေ
ဒေါက်တာကလည်း ငါ့ကိုဆေးထိုးပေးလိုက်တာဆိုတော့
အခုသက်သာသလိုတောင်ဖြစ်နေပြီ"

ဒီတစ်ခါတော့ ရှီးချန် အတော်လေးအံ့သြသွားရတယ်.။
သူ ရိပေါ်နဲ့သိတာဒီလောက်ကြာပြီ ဒဏ်ရာရရင်တောင်
ခေါင်းကြောမာပြီး ပေကပ်ကပ်နေတဲ့ကောင်က ဖျားရုံလောက်နဲ့ ဆေးခန်းသွားတာဖြစ်နိုင်ပါ့မလား...။

"ပြောပါဦး ငါ့ကိုမနက်အစောကြီး ဖုန်းဆက်ရတဲ့
အကြောင်းက?

"အာ... မင်း ပေကျင်းကိုသွားတော့ အလုပ်ကိစ္စတွေ
ခဏရပ်ထားရတယ်လေ ငါသိချင်တာက မင်းဘယ်နေ့
ပြန်လာမှာလဲ ဒီကကောင်တွေက မင်းကိုမတွေ့တာနဲ့
ဇောင်းနည်းနည်းကြွချင်နေပြီ"

"ဟင်း!! မင်းကြည့်ဖြေရှင်းလိုက်လေ အခုလောလောဆယ်
ငါပြန်လာဖို့ အစီစဉ်မရှိသေးဘူး အဲ့ကိစ္စတွေနဲ့အဝေးမှာ
ခဏလောက်တော့ နေချင်သေးတယ် ဪ ဒါနဲ့ မင်း
မားမားလျိုဆီမသွားနဲ့နော် ထောက်ပံ့ငွေကိုလည်း
အဝေးကနေပြီး ငါ့နာမည်နဲ့ပို့ပေးလိုက် အဲ့ဒီကိစ္စတွေကြောင့်
မားမားလျိုနဲ့ဂေဟာက ၊ ကလေးတွေကို ထိခိုက်မှာမျိုး
ငါမလိုချင်ဘူး"

"ငါအဲ့လောက်မတုံးပါဘူး စိတ်ချ ဒါနဲ့ မင်းမိသားစုရော
တွေ့ပြီလား"

ရိပေါ်မျက်ခုံးပင့်ပြီးမှ တစ်ဖက်မှာရှိတဲ့ ရှီးချန်ကို
ခေါင်းညိတ်ပြလိုက်တယ်..။

"သူတို့က ဘာပြောလဲ မင်းကိုတွေ့တာနဲ့ ဝမ်းသာကြလား
သေချာပေါက်ပျော်ကြမှာပေါ့ နှစ်တွေအကြာကြီး
ကွဲကွာခဲ့ရတာဆိုတော့လေ... "

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now