[48]

1.1K 144 47
                                    

Unicode 🌴

မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်းအခန်းထဲကို
ဝေ့ကြည့်လိုက်တော့ လွန်ခဲ့တဲ့တစ်နှစ်ကအတိုင်း ဘာမှ
အရာမပျက်ရှိနေသည်...။

ကုတင်ဘေးကခုံပေါ်မှာ သူ့အတွက်တင်ထားသည့်
ထမင်းကြော်တစ်ပွဲနဲ့ ဆေးတစ်ချို့ကိုပါ တွဲတွေ့ရတော့
မျက်မှောင်တွေကြုတ်ပစ်လိုက်တယ်..။

ထပ်ပြီး ဒီဆေးပဲသောက်ရပြန်ပြီ။

ကိုယ်ပေါ်မှာ လွှမ်းခြုံထားတဲ့စောင်ကို ဖယ်ပစ်လိုက်ပြီး
အိပ်ယာပေါ်မှာ ထထိုင်လိုက်တယ်...။ ပြီးနောက်
ဖန်သားဖြင့် ပြုလုပ်ထားတဲ့ ပြတင်းပေါက်ကို
ကြည့်ရင်း လေပူတစ်ချက်ကို အားရပါးရ မှုတ်ထုတ်လိုက်ပေမယ့် စိတ်တွေကလေးလံနေဆဲ..။

ဒီနေ့တော့ မားကို သေချာပေါက်မေးမှရတော့မယ်..။

လွန်ခဲ့တဲ့တစ်နှစ်ကတည်းက မားသူ့ကိုဒီအခန်းထဲ
ထည့်ထားတာအခုထိ အပြင်ကိုခြေတစ်လှမ်းတောင်
လှမ်းခွင့်မပေး။ အခန်းပြတင်းမှန်ကိုရိုက်ခွဲပြီး ထွက်ရအောင်
ဒီအိမ်ကအဆင့်မြင့်မြင့် တည်ဆောက်ထားတာဖြစ်လို့
အသုံးပြုထားတဲ့ ဖန်သားတွေမှန်သမျှက ကျည်ဆံတောင်
တိုးလို့မပေါက်တာကြောင့် သူကြိုးစားလည်းအလကားပဲ။

လိမ်လိမ်မာမာနေရင် အခန်းထဲကနေထွက်ခွင့်ပေးမယ့်အပြင်
ချစ်ရသူရှိတဲ့နေရာကိုပါ ပြောပြဦးမယ််ဆိုတဲ့ကတိကြောင့်
သူလိမ်လိမ်မာမာ ကုသမှုခံယူခဲ့တာ တစ်နှစ်ကြာခဲ့ပြီ..။
ကိုယ့်ကိုယ်ကိုယ် လည်း ဒီလောက်ကလုံလောက်နေပြီလို့
ထင်တယ်။

သို့သော် မားက ကိုယ့်ကို လုံးဝပြန်မကောင်းသေးဘူးလို့
ပြောကာအခန်းထဲကနေ တစ်လှမ်းမှထွက်ခွင့်မပေးဘူးရယ်။
တစ်နှစ်ကြာပြီမို့ ဒီထက်တော့ပိုပြီး မစောင့်နိုင်တော့ဘူး..။

စာမလာသတင်းမကြားပဲ အပြီးပိုင်ပျောက်ကွယ်သွားတဲ့
တစ်ယောက်သောသူကိုတွေ့အောင်ရှာမယ်။ ပြီးရင်
တစ်သက်လုံး ပြန်မလွှတ်တော့ဘူး။

"အားကျန့် နိုးပြီလား!

မားက အခန်းတံခါးကိုဖွင့်ပြီး ဝင်လာတာကြောင့်
အခန်းထဲမှာ မှုန်ကုတ်နေတဲ့ သူ့ကိုမြင်တဲ့အခါသက်ပြင်း
ဖွဖွချမိတော့တယ်..။ အားကျန့်အကျင့်ကို သိတာကြောင့်
ဒီလိုပိတ်ပြီး ကုသတာကနည်းလမ်းကောင်းလို့
ထင်ခဲ့မိတာတကယ်ကိုမှားတာပဲ။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now