[54]

1.3K 106 15
                                    

Unicode 🌴

ခြေသံဖွဖွကို ကြားလိုက်ရတာမို့ အနောက်ကိုလှည့်ကာကြည့်တော့
ရိပေါ်ဖြစ်နေတာမို့ မျက်ခုံးပင့်ကြည့်ပြီး မျက်နှာလွှဲလိုက်တယ်။
ထိုကောင်လေးက အရှေ့တည့်တည့်ကို လာရပ်တာတောင်
တစ်ချက်မော့မကြည့်ပဲ အကြည့်တွေကိုတစ်ခြားနေရာမှာ
ပို့ထားလိုက်သည်။

"ရှောင်းကျန့်"

ဖျတ်ခနဲကြည့်လာသည့် အကြည့်တွေက အစိမ်းသက်သက်မို့
ရိပေါ်တောင် အလန့်တကြားအနောက်ကိုဆုတ်မိသွားတယ်။
ပြီးမှ

"အပြင်ကမှောင်ရိပ်ကျတယ် အေးလည်းအေးတယ်
ခင်ဗျားကဒဏ်ရာနဲ့ဆိုတော့ အထဲဝင်အိပ်ပါ့လား"

"ကျေးဇူး! ဒါပေမယ့် မအိပ်တော့ဘူး မင်းဟာမင်း
တစ်ယောက်ထဲသာအိပ် မနက်အစောပိုင်းကို ငါပြန်မှာပါ
ခဏခဏလာသတိပေးစရာမလိုပါဘူး"

"ကျ... ကျွန်တော် ဘာသတိပေးတာ မဟုတ်ပါဘူး
အပြင်ကအေးလို့ပါ လာ ၊ ကျွန်တော်နဲ့လိုက်ခဲ့ ငြင်းဆန်မယ်
မကြံနဲ့နော်"

ငြင်းချင်ပေမယ့် သူရိပေါ်ဆွဲခေါ်ရာနောက်ကိုပါသွားတယ်။
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာအိပ်ခွင့်ပေးတာမို့
သူလည်းစောင်ကို ဆွဲခြုံကာ တစ်ဖက်ကိုလှည့်အိပ်ပစ်တယ်။
အနောက်မှာတော့ ရိပေါ်ကသက်ပြင်းတချချနဲ့ သူ့နောက်ကျောကို
ကြည့်၍ ကုတင်ပေါ်ကိုတက်လာသည်။ ပြီးမှ

"ကျွန်တော် မှတ်မိသလောက် ခင်ဗျားဒဏ်ရာကကျက်သေးတာ
မဟုတ်ဘူး ဒီတော့ ပတ်တီးလဲကြမလား!!

ထိုအခါရှောင်းကျန့်မှာခေါင်းထောင်လာပြီး

"ဟုတ်သားပဲ မေ့နေလိုက်တာ"

ပြီးနောက် အံဆွဲကိုဆွဲဖွင့်ကာ အထဲကနေပတ်တီးနဲ့အတူ
ကပ်ကြေးကိုပါထုတ်ယူလိုက်သည်။ အပေါ်ဝတ်ကိုချွတ်ချပြီး
ဟောင်းနေပြီ ဖြစ်တဲ့ပတ်တီးကိုဖြည်ကာ အသစ်လဲရန်
ပြင်ရသည်။

"ကျွန်တော်ကူပေးမယ်"

"မလိုဘူး "

ပြောပြောဆိုဆိုလက်ကို ပုတ်ထုတ်လိုက်တာမို့ ရင်ထဲစူးခနဲ
တစ်ချက်ဖြစ်သွားကာ ထိုလူသားကို ကြည့်လိုက်မိသည်။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now