Unicode 🌴
"အန်ကယ်လင်!!!
ရိပေါ် လက်လှမ်းပြပြီး အန်ကယ်လင်ရှိရာကို အပြေးလေး
သွားလိုက်တယ်..။ အန်ကယ်လင်ကိုကုမ္ပဏီမှာ မဟုတ်ပဲ
အပြင်မှာတွေ့ရတာ ကံကောင်းတာပဲ။"အန်ကယ်လင် တစ်ေယာက်ထဲလား"
"ဟုတ်တယ် ရိပေါ် မင်းကရောတစ်ယောက်ထဲလား"
"ဟုတ်.. "
"ဘာလုပ်တာလဲ "
"ဟင့်အင်း အန်ကယ်လင်ကိုတွေ့လို့ လာနှုတ်ဆက်တာ
နောက်ပြီး အကူအညီလည်း တောင်းစရာရှိလို့လေ!!"အကူညီလား ပြောလေ အန်ကယ် မင်းကို ဘယ်လို
ကူညီပေးရမှာလဲ"ရိပေါ် အကြံကြီးစွာ တစ်ချက်ပြုံးရင်း
"အန်ကယ်လည်းသိတဲ့အတိုင်း ကျွန်တော်ကအပြင်မှာ
တစ်ယောက်တည်းနေတာလေ ဒီတော့ နေထိုင်စရိတ်ကလည်း
ရှိသေးတာဆိုတော့... ""အာ.. သိပြီ ပိုက်ဆံလိုလို့လား"
"ဟမ်.. မဟုတ်ဘူးလေ အန်ကယ်လင်ကျွန်တော်ကို
ကုမ္ပဏီမှာ အလုပ်ပေးနိုင်မလားဆိုတာ သိချင်လို့.. ""ဪ ဘာများလဲလို့ ရိပေါ်ရယ် သိပ်ရတာပေါ့
အချိန်မရွေး လာခဲ့နော် ဟုတ်ပြီလား!!"ဟုတ်..!
"အန်ကယ်လည်းအလုပ်ရှိသေးလို့ သွားဦးမယ်"
"ဟုတ်.. "
အန်ကယ်လင်ထွက်သွားတာနဲ့ သူပြုံးလိုက်မိတယ်..။
ဝမ်က ပြန််ရောက်လာပြီဆိုတော့ အကြံစည်ကို အကောင်ထည်ဖော်မှ ဖြစ်တော့မယ်..။ငါ့ကိုသာကုမ္ပဏီမှာ တွေ့ခဲ့ရင် မင်းတို့မျက်နှာလေးတွေ
ဘယ်လိုဖြစ်သွားမလည်းဆိုတာ သိချင်လိုက်တာ...။ရှောင်းကျန့်ကလည်း ဝမ် ရောက်လာပြီးကတည်းက
အလာကျဲနေတာမို့ ပညာကုန်ထုတ်သုံးမှ ဖြစ်တော့မယ်..။
အဲ့ဒီလူကြီးနဲ့ တွေ့တိုင်း တစ်နေ့တစ်နေ့ အီစိမ့်နေတဲ့အသံနဲ့
ချွဲနွဲ့ပြောရပေမယ့် တစ်ခါတစ်လေ သူ့ကိုယ်သူတောင်
ရယ်ချင်မိသည်အထိ..ရှောင်းကျန့် ဘယ်လိုစိတ်နဲ့ သူ့အနားမှာကပ်နေနိုင်တာလည်း
မသိဘူး။