[0.8]

1K 121 52
                                    

Unicode 🌴

"ဗိုက်ဆာလို့ အပြင်မှာတစ်ခုခု လိုက်ကျွေး ကိုကို!!!

ဖုန်းထဲဝင်လာတဲ့ မက်ဆေ့ချ်ကို သူဖွင့်ဖတ်ရင်း ရုတ်တရက်
သီးတောင်သီးတော့မလိုပဲ..။ သူ့ကိုကြည့်ပြီး ဝမ်ကလည်း
စိတ်ပူနေတဲ့မျက်နှာသွင်ပြင်နဲ့ပဲ မေးလာတယ်။

"ရှောင်းကျန့် ဘာဖြစ်လို့လဲ စားမကောင်းဘူးလားဟင်"

ရှောင်းကျန့် ချစ်ရသူရဲ့ မျက်နှာကိုကြည့်ပြီးခေါင်းခါပြတယ်။
ရိပေါ် သူ့ကို လှမ်းခေါ်ချိန်တိုင်းက ဝမ်နဲ့အတူရှိနေချိန်တွေပဲမို့
ဒါကသက်သက်မဲ့ လုပ်တာလို့တောင် သူထင်နေပြီ။

ဝမ်ရိပေါ် မကောင်းတဲ့ကောင်။

"ရေသောက်လိုက်ပါ ရှောင်းကျန့်!!

"အင်း"

ဝမ် ထည့်ပေးလာတဲ့ ​ရေကိုတစ်ကျိုက်တည်းမော့သောက်ရင်း
ဝမ်မျက်နှာပေါ်က ရာသီဥတု အခြေနေကိုတစ်ချက်မျှ
အကဲခတ်တယ်။

အခြေနေကောင်းတဲ့အရိပ်ယောင်ပြမှ လှစ်ခနဲပြုံးလိုက်ရင်း
စကားစတယ်။

"ဝမ်!

"ဟင်"

"ကိုယ်သွားမှဖြစ်တော့မယ်"

"ဘာဖြစ်လို့လဲ စားလို့တောင်မပြီးသေးဘူးလေ"

"မားမားက ကိုယ့်ကိုအရေးတကြီး တွေ့ချင်တယ်ဆိုလို့
အမြန်သွားမှရလိမ့်မယ်"

မားမားနဲ့ကိုင်ပေါက်လိုက်မှပဲ ဝမ်ကလက်ခံသွားပုံနဲ့
ခေါင်းကိုညိတ်ပြလေရဲ့။

"အင်း ဒါဆိုလည်း သွားလေ "

ရှောင်းကျန့် အလျင်အမြန်ထရပ်လိုက်ပြီး

"ဝမ် မနက်ဖြန်ကျရင် ဘာစားချင်လဲ
ကိုယ်တိုင်ချက်ပြီး Breakfast လာပို့မယ်လေ"

ရှောင်းကျန့်ရဲ့စကားတွေအောက်မှာ သူသေရတာ
အကြိမ်ကြိမ်ပဲ။ ဒီတစ်ခါလည်း သူမပြုံးဘဲနဲ့ မနေနိုင်ပြန်ဘူး။
ရှောင်းကျန့်က သူ့အကြောင်းကိုတော်တော်သိတာပဲ။

"ရပါတယ် မဟုတ်တောင် ရှောင်းကျန့်က ကိုယ့်အလုပ်နဲ့ကို
ရှုပ်နေတဲ့ဟာ "

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now