[0.6]

1K 111 34
                                    

Unicode 🌴

"ဒေါက်တာ ရိပေါ် ဒေါက်တာကိုရှာနေတာ အခုလည်း
ရောက်လာပြန်ပြီ"

လုပ်ဖော်ကိုင်ဖက် ဖြစ်တဲ့အမရန်က သူ့ကိုဤသို့ပြောခြင်း။
ရှောင်းကျန့် ထိုစကားကြောင့် နည်းနည်းတော့စိတ်အိုက်
သွားရတယ်။

ထိုကိစ္စပြီးကတည်းက သူရိပေါ်ကို အလုပ်ပြုတ်အောင်
လုပ်လိုက်ပြီး ရိပေါ်နဲ့မျက်နှာချင်းမဆိုင်မိအောင်
တမင်ရှောင်ခဲ့သည်မှာ ဒီနေ့နဲ့ဆို၄ရက်မြောက်နေ့ကို
ခုန်ကူးလာခဲ့ပြီ..။

ဘယ်လောက်ပဲအထိနာအောင် ပြောဆိုပါစေ ရိပေါ်ဘက်က
အခုထိကပ်နေတုန်းမို့ စိတ်ထဲတော်တော်နေလို့မကောင်း။
တစ်ဖက်ကကြည့်မယ်ဆိုလည်း ဝမ်အပေါ်မှာလုပ်ခဲ့တဲ့
ထိုလုပ်ရပ်ကခွင့်လွှတ်နိုင်စရာမရှိ၍ တော်တော်စိတ်တိုရသည့်
လုပ်ရပ်ဆိုလည်းမမှား။

အဲ့ဒီကိစ္စကြောင့် သူတောင် ဝမ်ကိုတော်တော်အကြာကြီး
ချော့လိုက်ရပြီး ဘယ်လောက်ထိတောင်းပန်ခဲ့ရလဲ။
ဝမ်ကိုကတိပေးထားတဲ့အတိုင်း ရိပေါ်နဲ့မတွေ့အောင်
နေမှဖြစ်မယ်။

"ဒေါက်တာရှောင်း ဘာတွေ တွေးနေတာလဲ!!

"အာ.. ဟင့်အင်း ရိပေါ်ကိုသွားပြောလိုက်ပါ
ကျွန်တော်ဒီနေ့ ခွင့်ယူထားလို့ မလာဘူးလို့"

"ဒါ.. ဒါပေမယ့် အမရန်က သူ့ကို ဒီနေ့ ရှောင်းကျန့်
ရှိကြောင်း ပြောထားပြီးပြီရယ်!

"ရပါတယ် ကျွန်တော်ပြောသလိုသာလုပ်ပါ အမရန်
သူက ၊ ကလေးမဟုတ်တော့ပါဘူး ဒီလောက်ဆို
နားလည်ပါလိမ့်မယ်"

"ဟုတ်ပြီ ဒါဆို အမရန်သွားပြောလိုက်မယ်"

"အင်း"

ပြီးနောက် သူ စိတ်ပျက်ပျက်နဲ့ ထိုင်ချလိုက်ပြီး
ထိုင်ခုံပေါ်ကိုကျောမှီချကာ ဟာလာဟင်းလင်း ဖြစ်နေတဲ့
မွဲခြောက်ခြောက် မျက်နှာကျက်ကိုကြည့်နေလိုက်တယ်..။

မိနစ်အနည်းငယ်ကြာပြီးနောက် အမရန်ကသူရှိရာကို
မျက်နှာငယ်လေးနဲ့ ပြန်လာပြီး

"သူပြန်သွားပြီ ကြည့်ရတာ နားလည်သွားတဲ့ပုံပါပဲ
သူပြောတာကတော့ အလုပ်ပြုတ်သွားတဲ့အပေါ်မှာ
ပြဿနာရှာချင်တာမဟုတ်ပဲ ဒေါက်တာမျက်နှာလေးကို
တွေ့ချင်ရုံသက်သက် လာခဲ့တာပါတဲ့ သနားစရာလေးပါ
မဟုတ်လည်းရိပေါ်က နေ့တိုင်းလာနေတာကို ထွက်တွေ့လိုက်
တာ မဟုတ်ဘူးကွယ်"

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now