[10]

1.1K 115 25
                                    

Unicode 🌴

ထမင်းဝိုင်းမှာ ထိုင်နေရင်း အလိုမကျဟန်ရတဲ့
ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်က စိုးရိမ်စွာကြည့်လာတယ်..။
မိသားစု လက်ဆုံစားတဲ့ ထမင်းဝိုင်းဖြစ်နေတဲ့အတွက်
လူကြီးတွေကိုစိတ်မပူစေချင်တာအမှန်ပဲ။

"ရှောင်းကျန့် ဘာဖြစ်လို့လဲ "

"ဟင့်အင်း!! ကိုယ် ဘာမှမဖြစ်ဘူး"

"ထမင်း စားမကောင်းလို့လား"

"မဟုတ်ပါဘူး!

"အားကျန့်.. သားဘာလို့အစားနည်းနေတာလဲ"

ရှောင်းချင်ချင် က ဟင်းကိုဇွန်းနဲ့ခပ်ယူပြီး စိုးရိမ်နေတဲ့
မျက်နှာထားနဲ့ ရှောင်းကျန့်ထမင်းပန်းကန်ထဲကို
ထည့်ပေးလိုက်တယ်..။

"ဟုတ်သားပဲ အားကျန့်ရယ် ဒီနေ့မှမစားနည်းနေလိုက်တာ"

"ကျွန်တော် ဗိုက်မဆာလို့ပါ ဒီမှာ နည်းနည်းလေး
စိတ်အိုက်သလို ခံစားနေရလို့"

"ဟုတ်တယ် အားကျန့်ကငယ်ငယ်ကတည်းက
အဲ့အတိုင်းပဲ လူစုလူဝေးနေရာတွေလည်း မသွားဘူးလေ "

"ရပါတယ် ဒီလိုဆို သားကျန့် ခြံထဲဆင်းပြီး
လမ်းလျှောက်ပါ့လား အန်တီတို့ကို ဘာမှအားနာနေဖို့
မလိုပါဘူး နောက်ဆိုမိသားစုဝင်တွေပဲဖြစ်တော့မှာ"

လင်ကျီကျီ စကားအဆုံး ရှောင်းကျန့် ခေါင်းတစ်ချက်
ညိတ်ပြပြီး ထရပ်လိုက်တယ်။

"ဝမ်၊ သားလည်းအဖော်လိုက်သွားသင့်တယ်"

"ဟုတ် မားမား "

ထို့နောက် သူ ရှောင်းကျန့်နဲ့အတူ ခြံထဲဆင်းခဲ့လိုက်တယ်။
ပြောရရင်ရှောင်းကျန့်ကိုသိတဲ့အချိန်က စလို့
ဘယ်တုန်းကမှရှောင်းကျန့်ရဲ့စိတ်ပျက်နေတဲ့ သွင်ပြင်ကို
မတွေ့ဖူးသေးဘူး။

ခုံတန်းလေးပေါ်ကို ရှောင်းကျန့်ကထိုင်ချလိုက်တော့
သူကပါရှောင်းကျန့်ဘေးမှာ ကပ်ထိုင်လိုက်တယ်...။

ဟာလာဟင်းလင်းဖြစ်ကာ အမှောင်အတိဖြစ်နေတဲ့
ကောင်းကင်ကြီးကိုကြည့်ပြီး မျက်မှောင်ကြုတ်ထားတဲ့
ရှောင်းကျန့်ကို မြင်မြင်ချင်းဘယ်လောက်ထိချစ်ခဲ့ရသလဲ..။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now