[30]

1.3K 138 52
                                    

Unicode 🌴

Planကြိုတင်ချပြီးနောက် ရိပေါ်တို့မြန်မြန်ဆန်ဆန်ပဲ
စိတ်စမ်းသပ်ခြင်းကို အကောင်ထည်ဖော်တော့တယ်။

မကြာခင်မှာ သူရှိရာကို တရွတ်တိုက်ဆွဲလာသည့် သူကို
ပြူးပြူးကြီး ကြည့်နေလိုက်တယ်။ ထိုသူကလည်းသူ့ကို
မြင်တော့အံ့သြနေသည့်ပုံရသည်..။

"ဝမ်ရိပေါ်!!

"အကို မတွေ့ရတာကြာပြီနော် ဟီးဟီး!!!

သစ်သားထိုင်ခုံပေါ်မှာ ဝမ်ရိပေါ် ကို ထိုင်စေပြီးလှုပ်မရအောင် ကြိုးနဲ့တုပ်ထားတာကို ကြည့်၍
ကြိတ်လှောင်ချင်ပေမယ့် မကြာခင်မှာ သူလည်း အဲ့လို
ကြိုးနဲ့တုပ်ခံရတော့မှာပါလားလို့ တွေးမိတော့ မရယ်နိုင်ဘူး။

"ကြည့်မနေနဲ့လေ ကြိုးနဲ့တုပ်လိုက် ဒါမှထွက်မပြေးနိုင်မှာ!!

လူစိမ်းတစ်ဦးက သူ့ကိုခပ်မြန်မြန်ပဲ ထိုင်ခုံမှာ ချည်နှောင်
တော့မည်ကို သိလိုက်၍ဝမ်ခင်ဗျာ ပြာသွားရတယ်..။
တစ်သက်နဲ့တစ်ကိုယ် ကြိုးနဲ့တုပ်ခံထားတာမပြောနဲ့
အခုလိုပြန်ပေးဆွဲတာမျိုးလည်း မခံခဲ့ဖူး။

ပြန်ပေးဆွဲတဲ့အထိ ဖြစ်ရအောင်လည်း ဘယ်သူနဲ့မှ
ရန်ငြှိုးရန်စမရှိဖူး၍ စဉ်းစားရကြပ်သွားသည်။

"ဟေ့လူတွေ မင်းတို့ကိုဘယ်သူခိုင်းတာလဲ သူက
ပိုက်ဆံဘယ်လောက်ပေးလို့လဲ ငါမင်းတို့လိုချင်သလောက်
ပေးမယ် ငါ့ကိုလွှတ်ပေး!!

'ပိုပေးမယ်' ဆိုတဲ့စကားကြောင့် ခေါင်းဆောင်ဖြစ်ပုံရတဲ့
အကျိုးနည်းလေးရဲ့ မျက်ဝန်းတွေကလက််ခနဲ တစ်ချက်
ဖြစ်သွား၍ ရိပေါ် စူးခနဲတစ်ချက်စိုက်ကြည့်ပေးလိုက်ရတယ်။
ဒီတော့မှခေါင်းကိုငုံ့ချပြီး မျက်နှာပါလွှဲသွားတယ်။

"ငါ့ကို အခုလွှတ်ပေးလို့ ငါဘယ်သူလည်းသိလား
မင်းတို့အကုန်ဒုက္ခရောက်ကုန်မယ်!!

"ကျစ်.. နားငြီးလိုက်တာ ဒီနေရာမှာ အကျယ်ကြီး
အော်ပြီးအကူညီတောင်းရင်လည်း မင်းအသံကိုဘယ်သူမှ
ကြားမှာမဟုတ်ဘူး ကြိုက်သလောက်အော် တစ်ခုတော့ရှိတယ် ဒီထက်ပိုပြီးအသံကျယ်လာရင်တော့
မင်းကိုလက်စဖျောက်ပစ်မှာနော် ကောင်လေး!!
ငါ့လက်ထဲမှာကိုင်ထားတာက သေနတ်ကွ ပစ်ရင်
သေတတ်တယ်!!!

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now