[18]

1K 119 39
                                    

Unicode 🌴

"ဟယ်လို!!!

ဖုန်းခေါ်ပြီး ဘာစကားမှပြောမလာတဲ့ တစ်ဖက်ကလူကြောင့်
ရှောင်းကျန့် မျက်မှောင်ကြုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို
ပြန်ကြည့်ဖို့ကြိုးစားသော်ငြား လူက မူးနေတာမို့ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ရယ်။

"ဟယ်လို!!!

"ဟယ်လို ရှောင်းကျန့် ငါပါ!!!

တစ်ဖက်ကအသံကြောင့် မူးတာတွေတောင် ဘယ်ပျောက်ကုန်မှန်းမသိ။

"ကုစစ်ရန်!!

"အင်း... ဝမ်နဲ့ပြဿနာဖြစ်တယ်ဆို!!!

"ဖုန်းဆက်တာက ငါ့ကိုလှောင်ဖို့လား"

"မဟုတ်ဘူး ဒီကိစ္စကို ဝမ်ပြောပြလို့ ငါသိတာ
မင်းကိုလှောင်ဖို့ စိတ်ကူးလည်းငါ့မှာ မရှိဘူး"

".........."

"ငါသူ့ကိုမင်းဆီ ဆက်သွယ်ခိုင်းသေးတယ် မင်းတို့ချင်း
ဖုန်းပြောဖြစ်လား"

"မပြောဘူး!!

"မူးနေတာလား "

"ဝမ်ရော သူဘယ်မှာလဲ"

"သူ အနားယူနေပြီ ပြောချင်သေးတာလား!!!

"မဟုတ်ဘူး!!

"ဪ ငါမင်းကို တစ်ခုပြောဦးမယ် ဒီနေ့ Hotelမှာ
ငါတို့အခန်းငှားတော့ အခန်းတွေက ခရီးသည်တွေနဲ့
ပြည့်နေပြီမို့ ၂ယောက်အိပ် အခန်းတစ်ခန်းပဲရတယ်
မင်းလည်းသိတဲ့အတိုင်းပဲ ဒီHotelက အကောင်းဆုံး
ဆိုတော့ ပိုက်ဆံကုန်မယ့်အတူတူ ကောင်းတဲ့နေရာမှာပဲ
နေမှာပေါ့ ဒါပေမယ့် စိတ်မပူပါနဲ့ အခန်းကတစ်ခန်းထဲ
ဆိုပေမယ့် ငါတို့တွေမန်နေဂျာကို ပြောပြီးအခန်းထဲကို
နောက်ထပ်အိပ်ယာတစ်ခုပါ ပြင်ပေးထားခိုင်းရတယ်လေ
အဲ့ဒါ မင်းကိုစိတ်မကွက်စေချင်လို့ လှမ်းပြောတာ!!!

စကားစုကြောင့် ဒေါသပုန်ထလာပေမယ့် ဒီအချိန်မှာ
သူ ကုစစ်ရန် ကို ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ အသိကြောင့်
ချက်ချင်းဆိုသလို ဒေါသနဲ့အတူ လက်ထဲကဖုန်းလေးက
သူ့ရှေ့ကရေကူးကန်ထဲကို ပလုံခနဲ....။

ရိပေါ်ကို ဖုန်းဆက်ခေါ်ထားတာလည်း မလာသေးတာမို့
ကိုယ့်ဟာကို လက်ထဲကအရက်ပုလင်းကို မော့သောက်ပြီး
စောင့်နေလိုက်တယ်...။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now