[31]

1.2K 112 50
                                    

Unicode 🌴

"ရိပေါ် ရိပေါ် ၊ မင်းဘာဖြစ်သွားသေးလဲ!!

ရှီးချန်ကတိုက်ခန်းထဲကို ကမန်းကတန်းပြေးဝင်လာပြီး
ဆိုဖာပေါ်မှာရှိနေတဲ့ သူ့ကို ပြာပြာသလဲမေးတယ်။
ဒီတော့ ရိပေါ်က စုတ်သပ်ရင်း

"ကျေးဇူးကြောင့် မသေဘူး"

"ဆောရီး ငါနောက်ကျသွားတယ်!!

"ဘာကိုလာတောင်းပန်နေတာလဲ မင်းအချိန်မီရောက်လာလို့
ငါတို့အသက်ဘေးကနေ သီသီလေးလွတ်လာခဲ့တာလေ"

ရှီးချန်ကခေါင်းတကုတ်ကုတ်နဲ့ တစ်ခုခုကိုအသေအလဲ
စဉ်းစားနေပုံ။ ပြီးမှ

"တစ်ခုခုမှားနေပြီထင်တယ် ငါ မင်းဆီကို အချိန်မီ
မလာနိုင်ခဲ့ပါဘူး ငါရောက်တော့ပွဲတောင်ပြီးသွားပြီ!!
သေနတ်ဒဏ်ရာကြောင့် အသက်မရှိတော့တဲ့ ကောင်တွေပဲ
တွေ့တော့တယ်"

"ဘာဖြစ်တယ်!! ဒါဆို ငါ့ကိုကူညီခဲ့တာက ဘယ်သူတွေလဲ!

ပေကျင်းမှာကိုယ့်ကို သတ်ချင်နေတဲ့လူက အသင့်ရှိပြီး
ကူညီမယ့်သူတွေလည်း ရှိနေပြန်တယ်။ တစ်ခုခုတော့
ထူးဆန်းနေပြီ။

"ငါစုံစမ်းကြည့်လိုက်မယ် ဘယ်သူဆိုတာသိရတာနဲ့
မင်းကို ပြန်ပြောမယ်နော်"

"အကယ်၍ ငါ့ကိုကူညီတဲ့လူက ငါမသိတဲ့လူဆိုရင်
အဲ့ဒီလူကငါဘယ်သူလည်းဆိုတာ ကျိန်းသေသိရမယ်"

"ငါစုံစမ်းကြည့်ရင် သိရမှာပဲဟာ ကိစ္စမရှိဘူး စိတ်အေးအေးထား ဟိုလူရော ဘယ်မှာလဲ!!

"ကိုကိုအပြင်ထွက်သွားတယ်လေ ပီဇာသွားဝယ်တာ!!

"အင်း ဘာမှမဖြစ်ရင်ရပြီ ငါ့အမှားပါ ငါသေချာ
စုံစမ်းခဲ့သင့်တာ"

"ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့!!

"ဒါဆို မင်းနားနေလိုက် ငါတို့လူတွေနဲ့ ဆက်သွယ်ပြီး
မင်းကိုကူညီတဲ့လူတွေက ဘယ်သူလည်းဆိုတာ
သိရအောင်လုပ်မယ်"

"အင်း ဂရုစိုက်ဦး "

ရှီးချန်ကတိုက်ခန်းကပြန်ထွက်လာတော့ Password
ရိုက်နှိပ်ဖို့ လက်ပြင်နေတဲ့ ရှောင်းကျန့်နဲ့ကြုံတယ်..။
လက်ထဲမှာလည်း ပီဇာဗူးကြီးနဲ့...

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now