Unicode 🌴
ရှောင်းကျန့် ကားကို ကားပါကင်မှာ သေချာထိုးရင်း
ခြေလှမ်းတွေကိုသွက်နိုင်သလောက် မြန်မြန်လေး
သွက်ထားလိုက်တယ်...။ရုတ်တရက် အခြေနေကသူတောင် မယုံကြည်နိုင်သည့်
အခြေနေကိုရောက်နေတာ။ ရိပေါ်ကားပေါ်မှာ အဖြူမှုန့်တွေ
တွေ့လို့ဆိုတဲ့ ဝမ်ရဲ့စကားကိုကြားတုန်းက သူမယုံကြည်ချင်။
ဒါပေမယ့် တိုက်ခန်းကိုရောက်သွားတဲ့အချိန်မှ ရှီးချန်က
ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သလို ရိပေါ်ကို သံသယဖြစ်၍
ရဲတွေဘက်က ခဏထိန်းသိမ်းထားသည်ဟုဆို၏။ဝမ်ရိပေါ် ဘယ်လောက်ထိ မိုက်ပြီးရဲတင်းပါစေ
အဲ့ဒါတွေကိုကားပေါ်တင်ပြီး မိုက်ရလောက်တဲ့အထိ
လုပ်မှာမဟုတ်။ သူ့အနေနဲ့ယုံလည်း မယုံကြည်.."ဝမ်ရိပေါ်ကို ထုတ်ပေးဖို့ ငါပိုက်ဆံဘယ်လောက်
ပေးရမလဲ!!"ဘာ!
"ကျွန်တော်က ရိပေါ်အုပ်ထိန်းသူပဲ သူ့ကိုထုတ်ပေး
အာမခံလုပ်ရဦးမလား"ရဲမှူးက ဒါကိုကြားတော့ မျက်ခုံးတစ်ချက်ပင့်သည်...။
ထိုကောင်လေးကိုတီးခေါက်ကြည့်ရသလောက် ပေကျင်းမှာ
မိသားစုရှိသည်ဟုဆိုပေမယ့် သူတို့တွေနေ့တစ်ပိုင်း
ကြာအောင်စောင့်နေပေမယ့် မိသားစုဆိုတဲ့လူတွေရဲ့
အရိပ်ယောင်ပင်မတွေ့သေး။ရှေ့မှာရှိတဲ့လူကိုတော့ သူတို့မသိနိုင်စရာအကြောင်းမရှိ။
တစ်ခုပဲ သူက ဝမ်ရိပေါ်နဲ့ဘယ်လိုများ ပတ်သတ်နေလို့
အုပ်ထိန်းသူလို့ လာပြောနေရတာပါလိမ့်။"ဒီမှာ ကောင်လေး မင်းငွေတွေကို တကယ်လိုအပ်တဲ့
နေရာမှာသုံးစမ်းပါ""ဝမ်ရိပေါ် ဘယ်မှာလဲ!
"စိတ်မပူပါနဲ့ ငါတို့ထိန်းသိမ်းထားတာပါ အဲ့ကောင်လေးက
ဝန်မခံဘူးလေ!!"ဒီကိစ္စက သူလုပ်တယ်ဆိုတာ ခင်ဗျားတို့ဘာလို့
ယုံကြည်နေရတာလဲ ""သက်သေကဒီလောက်ရှင်းနေပြီပဲ ငါတို့အဲ့ပစ္စည်းတွေကို
သူ့ကားထဲကနေ ရှာတွေ့လာတာ ကျိန်းသေပေါက်
သူလုပ်တာပဲပေါ့"