[46]

1.2K 132 29
                                    

Unicode 🌴

"ကျွန်တော်က ရှောင်းကျန့် လာမှလာပါ့မလားလို့"

ထိုကောင်လေးကသူ့ကိုမြင်တဲ့အခါ အပြေးထွက်လာပြီး
ကြိုတယ်။ ရှောင်းကျန့်လည်းပြုံးရုံသာ ပြုံးလိုက်ပြီး

"Happy Birthday ဝမ် ၂၃နှစ်ပြည့်ပြီ!!!

အိမ်ထဲဝင်တော့ ဘေးပတ်ပတ်လည်ကို မယုံတဲ့အကြည့်တွေနဲ့
ငေးကြည့်နေတဲ့အတွက်ဝမ် အသံထွက် ရယ်လိုက်တယ် ။

"စိတ်ချပါ ဘယ်သူမှမရှိပါဘူး"

ဝမ်ကခါတိုင်းဆို မွေးနေ့မှာ ခြံဝန်းအပြည့် လူပေါင်းသောင်းခြောက်ထောင်ကိုဖိတ်ပြီး ဧည့်ခံ တတ်ပေမယ့် အခုတော့ ရှောင်းကျန့်နဲ့နှစ်ယောက်ထဲ
ရှိချင်တဲ့အတွက် ရှောင်းကျန့်တစ်ယောက်ထဲကိုသာ
ဖိတ်လိုက်ခြင်း။

"မွေးနေ့မှာ ကိတ်တော့မမှာထားဘူး ဒါပေမယ့်
အချိုမုန့်တွေတော့ အများကြီးဝယ်ထားတယ် ကျွန်တော်နဲ့
၅ခွက်လောက် သောက်ပေး ဒါဆို ကျေနပ်ပြီ"

ထိုအခါ မျက်ဝန်းတောက်တောက်နဲ့ကြည့်လာသူက သူ့ကို
နည်းနည်းသံသယဖြစ်နေတဲ့ပုံရတယ်။

"ရှောင်းကျန့်မုန့်အချိုတွေ မကြိုက်မှန်းသိပါတယ်ဗျာ
ဒါကြောင့် သောက်ခိုင်းတာ"

ရှောင်းကျန့်က ခေါင်းညိတ်သဘောတူလိုက်တော့ ဝမ်
ပြုံးလျက်ပဲ ရှောင်းကျန့်ကိုဝိုင်ထည့်ပေးလိုက်တယ်...။
ဒါတောင် ချိတုံချတုံ ဖြစ်နေတဲ့သူကြောင့် သူကပဲ
ရှောင်းကျန့်ရှေ့ကဝိုင်အပြည့်နဲ့ ခွက်ကိုတစ်ကျိုက်တည်း
ယူပြီးမော့သောက်ပြလိုက်တယ်။

ပြီးမှအသစ်စက်စက် ထည့်ပေးလိုက်တော့ ဒီတစ်ခါ
ရှောင်းကျန့် စိတ်ချလက်ချသောက်နိုင်သွားတယ်။

ပြီးနောက် စားပွဲပေါ်ကမုန့်အမျိုးမျိုးကို သူကြည့်လိုက်တော့
ကြည့်ရုံနဲ့တင် ကောင်းမယ်ဆိုတာ သိပေမယ့်လည်း
သူကမှအချိုမကြိုက်တာ။

ဒါပေမယ့် အချိုကြိုက်တဲ့ အိိမ်ကကောင်လေးကိုတော့
သတိရမိသား..။

အာ.. အိမ်က ကောင်လေးဆိုလို့ သူစိတ်ချချနဲ့ အိမ်မှာ
ကောင်လေးတစ်ယောက်ထဲထားခဲပြီး အိမ်တံခါးလည်း
မပိတ်ခဲ့တဲ့အပြင် စိတ်ချချနဲ့ထားခဲ့မိတာပဲ။ အကယ်၍သာ
ထပ်ပြီးထွက်ပြေးဖို့ပြင်ရင် ဘယ်လိုလုပ်ရပါ့မလဲ။

𝐍𝐨 𝐓𝐰𝐨Where stories live. Discover now