Unicode 🌴
"ကျွန်တော် ဝင်လာခဲ့မယ်နော် ဒေါက်တာ"
ကြားလိုက်ရတဲ့အသံကြောင့် မော့မကြည့်ပဲ မနေနိုင်တော့..။
မျက်ဝါးထင်ထင် တွေ့ရသည့်ထိုလူသားအား ကြည့်ပြီးနောက်
မျက်မှောင်ကြုတ်ရတော့သည်။ဘယ်လိုပဲမနှစ်မြို့သည့်ပုံ ပြပါစေ ထိုကောင်လေးက
ဝံ့ကြွားစွာ ရှေ့ကိုသတ္တိရှိရှိလျှောက်လို့လာပြီး သူနဲ့
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တယ်..။"မင်းက... ဝမ် မဟုတ်ဘူး "
စကားအဆုံး တစ်ဖက်ကောင်လေးမျက်နှာကအံ့သြသွား
သလိုလေး မျက်လုံးတွေဝိုင်းခနဲဖြစ်သွားသည်..။ ပြီးမှ"ဒေါက်တာ ဘယ်လိုခွဲခြားနိုင်တာလဲ တစ်ခြားလူတွေဆို
ကျွန်တော်တို့၂ယောက်ကိုယှဉ်တွဲတွေ့လိုက်တိုင်း ဘယ်သူက
ဝမ် ၊ ဘယ်သူကတော့ ရိပေါ်ဆိုပြီး မပြောနိုင်ကြဘူး
ဒေါက်တာကလေ ကျွန်တော်တို့၂ယောက်ကိုခွဲခြားနိုင်တဲ့
ပထမဆုံးသောသူပဲဗျ""အပိုတွေပြောမနေစမ်းပါနဲ့ အခု ဘာကိစ္စရှိလို့လဲ
ဟိုတစ်ခါတွေ့ဖူးကတည်းက မင်းက ဝမ်ညီလေးဆိုတာကို
ငါသိထားတယ် အဲ့ဒါကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် အခု
ငါ့ကိုပြောနိုင်တယ်""ဒေါက်တာကမှတ်မိနေတာလား?
မျက်နှာပြောင်တိုက်ပြီး မေးထောက်လျက် မေးလာသည့်
ထိုကောင်လေးကို သူဆွဲမထိုးမိအောင် မနည်းကို
ထိန်းထားရတယ်..။တော်သေးတာက ဝမ်နဲ့တူတဲ့ ရုပ်ကလေးက
ကယ်နေလို့ပေါ့..."ပြောပါဦး ကျွန်တော်တို့နှစ်ယောက်ကို ဒေါက်တာ
ဘယ်လိုခွဲလည်းဟင်!!ရှောင်းကျန့် လက်သီးလေးက တင်းခနဲဖြစ်သွားတယ်..။
ပြီးမှ နှုတ်ခမ်းကို မဲ့ချပစ်ရင်း"ဘာလို့လည်းဆိုတော့ ဝမ်ဆီမှာ မနှစ်မြို့စရာကောင်းတဲ့
အကြည့်တွေမရှိဘူး"စကားအဆုံး သူနည်းနည်းတော့ ရှော့ခ်ရသွားတယ်..။
သို့သော် ချက်ချင်းမျက်နှာဟန်ချက်ကို ပြန်ထိန်းနိုင်လိုက်တယ်။ ဒါက ပထမဆုံးအကြိမ်ပြောခံရတာ
မဟုတ်တော့ဘယ့်နှယ့်မှမနေ။