Unicode 🌴
"ကိုကို!!!
အဝေးကနေပြေးလာတဲ့ ကောင်လေးကို သူတင်းကြပ်စွာ
ဖက်ထားလိုက်ရင်း ကျောပြင်လေးကို ခပ်ဖွဖွလေးပွတ်လို့
နှစ်သိမ့်တယ်။ ရိပေါ်ကလည်းသူ့ရင်ခွင်ထဲရောက်မှ
ရှိုက်သံသဲ့သဲ့နဲ့ ငိုလေရဲ့။"အားကျန့် သွားရအောင်!!!
မားကအသံပြုတော့မှသာ ဘေးမှာတစ်ခြားလူတွေလည်း
ရှိပြီးသူတို့တင် မဟုတ်တာကို ရှောင်းကျန့်သတိရတော့တယ်။"ရိပေါ် သွားစို့နော်"
"ကျွန်တော် ခြေထောက်တွေထုံနေပြီထင်တယ် ကိုကို!!
"ကိစ္စမရှိဘူး ကိုကို ချီမယ်"
ပြောပြောဆိုဆို သူ့ဟာလေးကို ကောက်ပွေ့သွားတဲ့
သားတော်မောင်ကြောင့် ကြောင်ကြောင်ကြီး ရပ်ကြည့်နေကာ
ကျန်းကျင့်ဟောက် က သတိပေးမှသာ ကားရှိရာသို့
လျှောက်လာလိုက်သည်။"အန်တီရှောင်းက ကျွန်တော်ကိုကူညီထားတယ်လို့
ကိုကိုကပြောတယ် အဲ့ဒီအတွက်တော့ ကျေးဇူးတင်ပါတယ်"သူမ ရိပေါ်ကိုကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။ ပြီးနောက် ရိပေါ်ကို
စေ့စေ့ကြည့်လိုက်တော့ ကောင်လေးက တကယ်ဘဲ
ဝမ်နဲ့တူနေတာ။ကောလဟာလ တွေထဲကအတိုင်းပါပဲ။
"အရင်က အမှတ်တမဲ့တွေ့ဖူးတာ အခုမှပဲသေချာ
တွေ့ဖူးတော့တယ် ""ဟုတ်"
"မင်းက ဝမ်ရဲ့ညီဆို "
"ဟုတ်ကဲ့ "
"အင်း တကယ်တူတာပဲ "
အဲ့ဒါကြောင့် အားကျန့်ကတမ်းတမ်းစွဲနေတာကိုး...။
အားကျန့်ကဒီကောင်လေးအနားကို ဝမ်နဲ့တူလို့ကပ်တာပဲ
ဖြစ်နိုင်မှာပါ။"မား ကျွန်တော်တို့သွားတော့မယ်!!
ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ရိပေါ်ကိုသူသေချာ ကူတွဲရင်း
ကားပေါ်မှာထိုင်စေလိုက်တယ်။ မားမျက်နှာပေါ်က
အဓိပ္ပာယ်ရှိရှိ အကြည့်တွေကိုတော့ လစ်လျူရှုထားရင်း
ကားကိုဝူးခနဲမောင်းထွက်လာလိုက်သည်။
