Unicode 🌴
"ကျွန်တော် စိတ်မကောင်းပါဘူး ဒေါ်လေး"
"ဘာကိုဆိုလိုတာလဲ ရှောင်းကျန့် ခွဲစိပ်မှုအောင်မြင်ခဲ့လား"
မျက်ရည်တွေဖြိုင်ဖြိုင်ကျလာနေတဲ့ ဒေါ်လေးကို
ရှောင်းကျန့် စိတ်မသက်မသာပုံစံမျိုးနဲ့ ကြည့်ပြီးနောက်
နောက်ဆုံးတော့ ခေါင်းကိုငုံ့ချလိုက်တယ်။ မလှမ်းမကမ်းမှာ
သန့်ရှင်းရေးဝတ်စုံကြီးနဲ့ ရပ်နေတဲ့ရိပေါ်ကလည်း ဒါကို
မျက်တောင်မခတ်တမ်းစိုက်ကြည့်နေလိုက်တယ်..။"မင်းဦးလေး ဘယ်လိုဖြစ်သွားပြီလဲ!!!
"သူ... "
ရှောင်းကျန့် အားတင်းလိုက်ပြီးမှ
"ခွဲစိပ်မှုမအောင်မြင်ခဲ့ဘူး"
စကားအဆုံး ဒေါ်လေးကကြမ်းပြင်ပေါ်ကို ပုံလျက်လေး
လဲကျသွားတယ်။ ဒေါ်လေးတို့မိသားစုမှာ သူ့ဦးလေး
တစ်ယောက်ထဲကသာ ပိုက်ဆံရှာနိုင်တဲ့သူဖြစ်လို့
ဦးလေးမရှိတော့တာက သူတို့ကိုလမ်းဘေးရောက်အောင်
လုပ်တာနဲ့အတူတူပဲ။မားကတစ်ဦးတည်းသော သမီးဖြစ်ပေမယ့်လည်း ပါးပါးကတော့ မွေးချင်း သူအပါဝင်၂ယောက်တိတိရှိသည်။
အခုပါးကလည်း ဆုံးသွားတာကြာခဲ့ပြီ အခုဦးလေးကပါ
လောကကြီးနဲ့အဆက်ဖြတ်သွားတာမို့ နောက်ဆိုရင်
မျိုးဆက်ကသူ့အပေါ်မှာမူတည်နေမလားပဲ..။ပုံလျက်သားလေး လဲကျရင်း ရှိုက်ကြီးတငင်ငိုနေတဲ့
ဒေါ်လေးကိုတွဲပြီး နှစ်သိမ့်ချင်သော်ငြား သူမလုပ်နိုင်ခဲ့ဘူး..။"ကျွန်တော် ခွဲစိပ်နေရင်း အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကို
မှားပြီး ဖြတ်တောက်မိသွားတာ တောင်းပန်ပါတယ်
အားလုံးကကျွန်တော်ပြစ်တွေပါ အကောင််းဆုံးကြိုးစားပြီး
ကယ်ခဲ့ပေမယ့်......!"ဟုတ်တယ် ဒါတွေအကုန် နင့်ကြောင့်ပဲ!!!
ခုနကမှအလဲလဲအပြိုပြိုဖြစ်နေတဲ့ ဒေါ်လေးကအခုတော့
မျက်ရည်တွေသုတ်ရင်း ကြိုးစားထလာပြီး သူ့မျက်နှာကို
ကြည့်ကာလက်ညိုးငေါက်ငေါက်ထိုးလို့ အော်ဟစ်တယ်..။