Unicode 🌴
ရှောင်းကျန့် အိမ်ရှေ့မှာမားမားရဲ့ကားကို လှမ်းတွေ့ရတာမို့
အမြန်ဆုံး ခြံတံခါးပြေးဖွင့်ရတယ်။ မားက ကားပေါ်က
ဆင်းလာပြီး သူ့ကိုတစ်လှည့် အိမ်ကိုတစ်လှည့်ခြုံငုံ၍
ကြည့်ကာအပြုံးတစ်ခုကို ခပ်မြန်မြန်ဆင်မြန်းရသည်။ ပြီးမှ"သား!!
"အိမ်ထဲဝင်မယ်လေ မား"
"ဟင့်အင်း မားက သားဆီလမ်းကြုံလို့ ဝင်လာရုံပါပဲ
စကားပြောရင်း မျက်နှာတွေ့ချင်လို့ လာကြည့်တာ ""အာ.. "
"သားတစ်ယောက်တည်းနေဖို့ဆို ဒီအိမ်ကအရမ်း
မကြီးလွန်းဘူးလား မားပြောသလို အိမ်ထက်
တိုက်ခန်းဝယ်ရင် ပိုကောင်းမှာ""ကျွန်တော်က သီးသန့်နေရတာပဲကြိုက်တာကို
မား မသိတာလည်းမဟုတ်ဘူး"ရှောင်းကျန့်အကြောင်းကိုအစအဆုံး သိတဲ့သူဖြစ်လို့
ရှောင်းညိတ်ရုံသာ..."အားကျန့် မားဆီမလာတာ ကြာပြီ!
"မအားလို့ပါ ဒါနဲ့ ဒီအချိန်ကြီးကျမှ မားကဘာလို့!!!
ညအတော်မှောင်နေပြီမို့ မားကိုအိမ်ထဲခေါ်ချင်ပေမယ့်
ဇွတ်ခေါင်းမာနေဦးမယ့်မားကြောင့် ထိုအစီစဉ်အား
လက်လျှော့လိုက်ရသည်။"နောက်ကျရင် အိမ်ကိုထမင်းစားလာခဲ့ပါဦး ဝမ်ကိုလည်း
အပါခေါ်ခဲ့""ဟုတ်!
"ဒါဆို မား သွားတော့မယ် "
"ဟုတ်ကဲ့ "
မားပါဝင်တဲ့ ကားလေးထွက်သွားတာကို ငေးမော
ကြည့်ရင်းမှမျက်မှောင်ကြုတ်လိုက်တယ်..။ တစ်ခါတစ်လေ
မားက အရမ်းထူးဆန်းတယ် ကိုယ့်ကိုတစ်ချိန်လုံး
စောင့်ကြည့်နေသလိုခံစားနေရတာ..။အဲ့ဒါကြောင့် အပြင်မှာ တစ်ယောက်ထဲသီးသန့်လေး
နေခြင်းဖြစ်သည်။အသက်က၃၀ကျော်လာပြီဖြစ်သော်လည်း အခုထက်ထိ
မားအကြည့်အောက်ကနေ မလွတ်နိုင်သေးဘူး။တစ်ခါတစ်လေကျရင် မားကိုနောက်အိမ်ထောင်တွေ
သိပ်ပြုစေချင်တာ..။ ဒါဆို သူ့အပေါ်အာရုံစိုက်မှု
သိပ်မရှိနိုင်တော့ဘူး..