ထိန်လင်းနေသော မီးအလင်းရောင်အောက်၌ပိန်ပါးဖြူလျော်ကာ အနည်းငယ်ကိုင်းကျနေသောပခုံးပြင်နှင့်အတူ မျက်ကွင်းများညိုနေသော လူငယ်တစ်ယောက်၏ ပုံက မှန်သားပြင်၌ ထင်ဟပ်လာသည်။ သူ၏ မျက်နှာအစိတ်အပိုင်းများကမူ တကယ့်တကယ်၌ အလွန်ကြည့်ကောင်းပေသည်။
မူလကတော့ သူဟာ တောက်ပချောမောသော လူငယ်လေးတစ်ယောက်ဖြစ်ခဲ့၏။ သို့ငြား ယခုမူ သရဲတစ်ကောင်အလားပင်။ဘယ်လောက်ပင် မျက်နှာအစိတ်အပိုင်းများက ကြည့်ကောင်းပါစေ သူ့မျက်လုံးထဲက မှုန်တေကာ အေးစက်မှုများက သူ့အား ဆွဲဆောင်မှုမရှိ ဖြစ်နေစေပေသည်။
လုကျိုယယ်သဘောကျသောလူက ဘယ်ပုံဖြစ်ပါအံ့။
လော့ဝမ်ကျွင်းသည် လှပကာ ကလေးမျက်နှာပေးရှိ၍ သွယ်လျကာ အနာအဆာကင်းသော အသားရေရှိသူဟု သတ်မှတ်၍ရသည်။
သူဟာ သုံးဆယ်ကျော်နေတာတောင်မှ ဆယ်ကျော်သက်အလား ထင်ရပြီး အရှားပါးဆုံးအရာကတော့ သူ့အရိုးဖွဲ့စည်းပုံက အလွန်သေးသွယ်၍ သွယ်လျလွန်းကာ တင်းတင်းဖက်လိုက်ပါက ကျိုးပင်သွားတော့မယောင်ထင်ရသည်။
သူဟာ အကောင်းတကာ အကောင်းဆုံးဖြစ်ကာ လုကျိုယယ်၏ အကြိုက်နှင့် ကွက်တိပင်။ လတ်ဆတ်၊ လှပ၊ ဖြူဖွေးကာ သွယ်လျ၏။လုကျိုယယ်နှင့် အတူရှိချိန်မှာ အလွန်ကျော်ကြားခဲ့ကာ ထိုသူ့နံဘေး၌ ၃နှစ်တိတိ နေခဲ့ပေ၏။ ယခင်ကဆို လုကျိုယယ်နှင့် တစ်လပင်ပြည့်အောင် နေခဲ့ဖူးသူပင် မရှိခဲ့ဖူးပေ။
ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ လော့ဝမ်ချန်စိတ်ထဲမှာ မထင်မရှားအကြံတစ်ခုရလာခဲ့၏။လော့ဝမ်ကျွင်း၏ အကြီးမားဆုံးထောက်ပံ့သူကြီးကို အလစ်သုတ်ပစ်ရန်ပင်။
သို့ပေသိ ပြဿနာကြီးတစ်ရပ်ကလည်း ရှိနေပြန်သည်။ လုကျိုယယ်ဟာ သေးသေးသွယ်သွယ် ၁၇ ၁၈ အရွယ်များသာ သဘောကျသည်။ လော့ဝမ်ကျွင်း၏ ကလေးမျက်နှာက ၁၇ ၁၈ အရွယ်ဟန်ဆောင်ဖို့ ရပေမဲ့ လော့ဝမ်ချန်မျက်နှာကတော့ သိမ်မွေ့ခြင်းမရှိသလို ချစ်စရာလည်းကောင်းမနေပေ။ အရပ်အမောင်းအရဆိုလျှင်လည်း သူဟာ ၁၇၅ စင်တီမီတာ ရှည်သည်။ ယင်းက ရှည်လည်းမရှည် ပုလည်းမပုချေ။ လုကျိုယယ်သာ ၂၀၀ စင်တီမီတာ မရှိဘူးဆိုပါက လော့ဝမ်ချန်အဖို့ ထိုသူ့နံဘေးမှာ နေဖို့ အခွင့်အရေးတောင် ရတော့မည်မဟုတ်။
လော့ဝမ်ချန် မှန်သားပြင်အား ကြည့်နေရင်းမှ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
![](https://img.wattpad.com/cover/359321343-288-k926129.jpg)
YOU ARE READING
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]
Romanceစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.