Chapter (4)

3.2K 431 4
                                    


လော့ဝမ်ကျွင်းသည်ကား အေးစက်ကာ ချောကျိသော အဆိပ်ပြင်းမြွေတစ်ကောင်အလား ယုတ်မာလှစွာပင် လော့ဝမ်ချန်၏ နားနားမှာကပ်၍ သံရှည်ဆွဲကာ တီးတိုးပြောနေဆဲ။

"သေချာပေါက် ငါက သူ့ညီအရင်း ဖြစ်ပါရက်နဲ့ မင်းက အစားထိုးခံခွေးသာသာဖြစ်ပါရက်နဲ့ သူ့မျက်လုံးထဲမှာ မင်းတစ်ယောက်ပဲရှိတယ်..."

သူက ထပ်မံ၍ တိုးဖွဖွရယ်ကာ

"မင်း အသားပုပ်အပုံကြီးအဖြစ်ပြောင်းသွားမှာကို ကြည့်ရဖို့ ငါတကယ်မစောင့်နိုင်တော့ဘူး။ အဲ့အခါကျ သူမင်းကို သဘောကျနေဦးမယ်လို့ မင်းထင်လား။ ငါ့အထင်တော့ မင်းအကြောင်းတွေးရုံနဲ့ စားချင်စိတ်တောင် ပျောက်လောက်တယ်နော် ဟုတ်တယ်မလား"

လော့ဝမ်ကျွင်း၏ ရယ်သံက ကျယ်သထက်ကျယ်လာကာ ရုတ်တရက်ပင် ကုတင်ပေါ်ကလူ၏ အောက်စီဂျင်ပိုက်ကို ဆွဲဖြုတ်ကာ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ညှစ်လိုက်လေ၏။

ယင်းက ထိုလူ၏ လုပ်နေကျ ဝါသနာပင်။လော့ဝမ်ကျွင်းဟာ လော့ဝမ်ချန်အား မကြာခဏလာကြည့်တတ်ပြီး လာသည့်အခေါက်တိုင်းမှာ ညှင်းပမ်းနှိပ်စက်ပေသည်။ သူ စိတ်ကြည်နေလျှင် လော့ဝမ်ချန်ကို ခဏသာ ညှင်းပမ်း၍ စိတ်မကြည်လျှင်ဖြင့် လော့ဝမ်ချန် နာကျင်ခံစားနေရမှုအား အရသာခံ၍ ထိုင်ကြည့်နေတတ်သည်။ထိုသို့ ထိုင်ကြည့်နေရခြင်းဖြင့် လော့ဝမ်ကျွင်းဟာ သူကလေးဘဝ ဖြတ်သန်းခဲ့ရသော ဆင်းရဲဒုက္ခတွေ၊ မတရားမှုတွေနှင့် မုန်းတီးမှုတွေ ပြည့်နှက်နေသော သူ့နှလုံးသားကို ​ပြောလျော့သွားစေသည်ဟု ခံစားရလေသည်။

ဆေးရုံကုတင်ပေါ်ကလူ နာကျင်ခံစားနေရလျှင် သူအလွန်ပျော်ပေသည်။

ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် 'လော့ဝမ်ချန်' ၏ မျက်လုံးတွေက ဒေါသတရားများဖြင့် ပြည့်လာသည်။ သူ ပြေးလွှားကာ တားဆီးလိုက်ချင်ပေမဲ့ လှုပ်မရခဲ့။ ကုတင်ပေါ်က သူကိုယ်တိုင်ဟာ မျက်နှာပြာနှမ်းလာသည်ထိ ကူကယ်ရာမဲ့စွာရုန်းကန်နေသည်ကိုသာ ကြည့်နေရ၏။

ကုတင်ပေါ်ကလူ သေတော့မည်ဆိုတော့မှ လော့ဝမ်ကျွင်းဟာ ရုတ်ချည်း လက်ကိုလွှတ်၍ နောက်သို့နှစ်လှမ်းဆုတ်ကာ သရော်လိုက်ရင်း ကုတင်ပေါ်ကလူ ပြင်းထန်စွာ ပင့်သက်ရှိုက်နေတာကို နှစ်ထောင်းအားရစွာကြည့်လေ၏။ ထို့နောက်မှ သူဟာ အောက်စီဂျင်ပိုက်ကို ပြန်တပ်ပေးကာ သူ့လက်သူ စနစ်တကျ ပိုးသတ်၍ ပြုံးကာ ပြောလာသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now