Chapter 63

598 118 0
                                    

(၆၃ကနေစပြီး စာတွေက ရှေ့အပိုင်းတွေရဲ့ ၂ဆ ၃ဆလောက်ရှည်သွားပြီဖြစ်တဲ့အတွက် အားပါးတရဖတ်လို့ရပါပြီနော်)

နံနက်စောစောအချိန်တွင် ပုဂ္ဂလိကဆေးရုံတစ်ခု၏ ခွဲစိတ်ခန်းသည် ၇နာရီကြာမြင့်သည့်တိုင် အစိမ်းရောင်မီး လင်းနေဆဲဖြစ်သည်။

အပြင်နှင့်အတွင်းနှစ်ခုလုံး၌ လျိုဝေကျစ်မှ ပိတ်ဆို့ကာဆီးထားသည်။ လိုအပ်သည့်ဆေးဝန်ထမ်းများမှလွဲ၍ အခြားသူများအား ရှင်းလင်းထားကာ လူနာအားလုံးသည်လည်း အခြားဆေးရုံတစ်ခုသို့ ပြောင်းရွှေ့သွားကြရသည်။ လျိုဝေကျစ်သည် ဆေးရုံ၏လုံခြုံရေးအား ထိန်းသိမ်းရန်အတွက် ဟိုင်နဥ်မြို့၌ရှိသမျှ အင်အား အားလုံးကို အသုံးပြုထားလေသည်။

သူသည် အပြင်ရှိ ကိစ္စရပ်များကြောင့်လည်း အလုပ်ရှုပ်နေသည်။ သူ့ဖုန်းဟာ ဆက်တိုက်မြည်နေပြီး ဟိုင်နဥ်မြို့ရှိ သတင်းကြားသောလူများကိုလည်း ကိုင်တွယ်ဖြေရှင်းရသေးသည်။ ၁၀နာရီကျော်ကြာပြီးနောက်မှာတော့ သူ၏ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားတော့သည်။

အလုပ်ပြီးသွားချိန်၌ သူသည် ခွဲခန်းရှေ့သို့ ပြန်လာကာ ထိုင်ခုံမှာ ထိုင်ချလိုက်သည်။ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးသည် အရုပ်ကြိုးပြတ်ဖြစ်လျက် မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်မှု ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်ခြင်းများဖြင့် ပြည့်နှက်နေပေသည်။

ထိုအချိန်တွင် ကော်ရစ်ဒါအဆုံးဘက်မှ ခြေ

သံတစ်ချို့ကို ကြားလိုက်ရသည်။ သူကြည့်လိုက်သော် သူ၏အရင်းနှီးဆုံးမိတ်ဆွေနှစ်ယောက်အား တွေ့ရသဖြင့် သက်ပြင်းရှိူက်လိုက်၏။

''မင်းတို့ရောက်လာပြီပေါ့ ''

ထိုဧည့်သည်များမှာ ပေကျင်းမှ ကသိုက်ကရိုက်ရောက်လာသော ကျိုးယိရှန်းနှင့် လောင်တင်းပင်။သူတို့သည် ဖုန်များဖြင့်ပေပွလျက် စိုးရိမ်စိတ်ကလည်း ပိုနေသေးကာ လျိုဝေကျစ်ကို မြင်လျှင်မြင်ချင်း မေးခွန်းများ အလျင်စလို မေးလာ၏။

''လူကြီးမင်း ဘယ်မှာလဲ?''

''ခွဲခန်းထဲမှာ''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now