Chapter 39

1K 177 1
                                    

လုချုံ ဒူးထက်ရှိ သူ့လက်ချောင်းများအား သတိမထားမိစွာဖြင့် ပွတ်လိုက်ဖြန့်လိုက်နှင့် လုပ်မိသွားသည်။

သူ၏သက်တောင့်သက်သာဖြစ်မနေသည့်အကြောင်းအရင်းအား မရှာဖွေနိုင်ခင်မှာပင် ဒေါက်တာဝမ်က လက်ကိုပြန်ရုတ်သွားပြီဖြစ်သည်။

‘’အရိုးကိုထိမသွားဘူး။ကနဦးစစ်ဆေးချက်အရတော့ ပုခုံးကြွက်သားထိသွားတာ ပဲ။MRIလုပ်ရင်တော့ အကောင်းဆုံးပေါ့။ပြင်းထန်ရင် တတ်နိုင်သမျှ စောစောခွဲစိတ်ဖို့ လိုတယ်"

လုချုံ၏အကြည့်များက လော့ဝမ်ချန်၏ပုခုံးထက်၌ ရှိနေဆဲဖြစ်သည်။ကော်လံကို လက်တစ်ဖက်တည်းဖြင့် ပြန်ပြင်နေသည်ကို ကြည့်နေသော လုချုံမှာ ထိုစကားများအားကြားချိန်၌ ခဏမျှမတုံ့ပြန်နိုင်ဖြစ်သွားပြီးမှ မျက်နှာက အတန်ငယ်မည်းမှောင်သွားလေသည်။

 ‘’ခွဲစိတ်ဖို့လိုတာလား’’

‘’  အရွတ်ပြဲတာ ပြင်းထန်သွားရင် ခွဲစိတ်ဖို့ လိုတယ်။သူ့ပုခုံးက အခုဖူးရောင်နေပြီးတော့ နာကျင်မှုနဲ့သက်သောင့်သက်သာမရှိလို့ ပုခုံးကို မြှောက်လို့ ချလို့မရဖြစ်နေတာလဲ သိသာနေတယ်။ ခန့်မှန်းခြေအရ အခြေအနေက သိပ်မကောင်းဘူး’’

‘’လောင်တင်း.....ကားပြင်ထားလိုက်’’

လုချုံက ချက်ချင်း ပြောလိုက်သည်။

ဘေးနားရပ်ကာစောင့်ကြည့်ပေးနေသော ဦးလေးတင်းဟာ ချက်ချင်းပင် ပြင်ဆင်မှုပြုရန် ထွက်သွားလေသည်။ လော့ဝမ်ချန်သည်ကား လုချုံဆွဲခေါ်သည်ကိုခံရပြီး သူ၏ပေါင်ထက်ရှိကြောင်သည်လည်း အဝေးသို့ယူသွားခံလိုက်ရလေသည်။

‘’လူကြီးမင်း?’’

လော့ဝမ်ချန်သည် စကားမပြောဝံ့ဘဲ နောက်က လိုက်လာရသည်မှာ လုချုံပါ ကားထဲလိုက်ဝင်လာသည်အထိပင်။ ထိုအခါမှ သူသတိထားမိသွားကာ အမြန်အဆန်ပြောလိုက်သည်။

‘’ကျွန်တော့်ဘာသာ သွားလိုက်ပါမယ်’’

သူနှင့်အတူလိုက်ပါရန်လုချုံအားတောင်းဆိုရန်က ပိုလွန်းလှပေသည်။

သို့သော်လည်း လုချုံက သူ့အား တစ်ချက်ကြည့်လာချိန်၌မူ  ဘာကိုမှထပ်မပြောရဲတော့ချေ။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now