Chapter 41

2.3K 312 6
                                    

သူတို့ခဏလောက် ကြက်သေသေနေမိကြပြီးမှ  လမ်းပြပေးဖို့ရှေ့တိုးလာခဲ့လိုက်ကြသည်။

"လူနာခန်းက ဒီလမ်းမှာပါ၊ ဒီလမ်း"

လုချုံသည် လော့၀မ်ချန်ကို ကုတင်ပေါ်တင်လိုက်ပြီးနောက်မှာ ထွက်သွားဖို့ အရိပ်အယောင်ပြမလာခဲ့ပေ။ 

သူက သူနာပြု ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး လော့ဝမ်ချန်၏ မျက်နှာပေါ်က ချွေးတွေကို ညင်သာစွာ သုတ်ပေးလိုက်သည်။

" လူကြီးမင်း...."

"လိမ္မာတဲ့ကောင်လေး အိပ်တော့နော်"

လော့၀မ်ချန်ကပြုံးပြီး အိပ်ပျော်သွားချိန်မှာ ကျန်လူတွေကတော့ အခန်းအပူချိန်က ကြောက်စရာကောင်းအောင် ထိုးကျသွားတာကို ခံစားလိုက်ကြရသည်။

သူတို့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထောင်ထလာကာ ကုတင်ဘေးကအမျိုးသားအား ကြောက်ရွံ့တုန်ယီစွာ ကြည့်လိုက်ကြသည်။ ထိုလူ့ထံကနေ အနက်ရောင်အရှိန်အဝါတွေ ထွက်လာတာကို အာရုံခံလိုက်မိကြ၍ပင်။ 

အန်းကုန်းဘိုးဘိုးကြီးလို အမြဲပြုံးနေတတ်သည့် လျိုဝေကျစ်တောင်မှ ရင်ထဲကနေ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူ လောင်တင်းကို မျက်စိတစ်ဖက်မှိတ်ကာ အချက်ပြလိုက်သည်။

အိမ်တော်ထိန်းတစ်ယောက်အနေဖြင့် ဦးလေးတင်းဟာ တခြားသူတွေထက် လုချုံနှင့် ပိုနီးစပ်ကာ အသက်လည်းကြီးသည်မို့ လုချုံအပေါ်ကြောက်စိတ်က တခြားလူတွေထက် လျော့ပါးသည်။ သူ ဂရုတစိုက်ပြောလိုက်၏။

 “လူကြီးမင်း ရှောင်လော့ကို ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်။ လူကြီးမင်း အ၀တ်အစားသွားလဲလိုက်ပါလား"

လုချုံက လှုပ်ရှားမလာခဲ့။ ခဏအကြာမှ သူပြောလာလေသည်။

 “ရှစ်စန်းက လော့၀မ်ဟောင်ဆီသွားတာမလား?"

“ဟုတ်ကဲ့” 

လျိုဝေကျစ်က လေးလေးစားစားပြန်ဖြေလိုက်သည်။

 "သူ့ကိုပြန်ခေါ်ချင်လို့လားခင်ဗျ"

"အင်း၊ ပြန်လာဖို့ပြောလိုက်" 

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now