Chapter (35)

1.9K 265 1
                                    


လော့ဝမ်ချန်သည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့။ တုထောင်းကျန့်၏ အ​မြင်အာရုံက ကောင်းလွန်းလှသည်။သူဟာ ဘာမျှမဖြစ်သလိုပင် ပစ္စည်းတွေ သိမ်းနေလိုက်သေးသည်။

မကြာခင်တွင် အဖွဲ့သည် အိမ်ပြန်ရန်အတွက် အရပ်မျက်နှာအသီးသီးသို့ ခွဲသွားလိုက်ကြသည်။ သည်နေ့ကား ပြည့်စုံလှသော ရိတ်သိမ်းမှုနေ့ရက်ပင်။ကလပ်နှစ်ခုက အစည်းအဝေးကို တနင်္လာနေ့၌ ကျင်းပကြမည်ဖြစ်ပေသည်။

လော့ဝမ်ချန်သည် ခံစားမှုများကို ချုပ်တည်းကာ ပိတ်ရက်ကိုအေးအေးချမ်းချမ်းပင် ဖြတ်သန်းခဲ့လိုက်သည်။ နှမြောစရာတစ်ခုက ခုတလော လုချုံက အလွန်အလုပ်ရှုပ်နေပုံရကာ မမြင်ရခြင်းသာ ဖြစ်လေသည်။

တနင်္ဂနွေနေ့ညမှာတော့ သူသည်ကြာရှည်ထားရန်လွယ်ကူသည့် အစားအစာများနှင့် အရသာမပျက်သွားစေဘဲ ပြန်နွှေးလို့ရသည့်ဟင်းများအား ချက်ပြုတ်ကာ ရေခဲသေတ္တာထဲတွင် ထည့်သည်။ဤသည်မှာ လုချုံအတွက်ဖြစ်၏။

သူသည် ကျောင်းတွင်အဆောင်နေရသော်လည်း အမြင်ကောင်းရရန်အတွက်တော့ မမေ့ပါချေ။

ရှုပ်ထွေးနေသောအမူအရာဖြစ်နေသည့် ဦးလေးတင်းကိုမူ သူသတိမထားမိ။နံရိုးလေးနှင့်သာ ခဏမျှ ဆော့ကစားနေလိုက်သည်။ ညသန်းခေါင်ယံမှာတော့ သူဟာ ရေချိုးခန်း၌တိတ်တဆိတ်ရပ်၍ ဝမ်းဗိုက်တွင်းက ထောင်ပေါင်းများစွာ ဖြတ်တောက်ခံရသလို နာကျင်မှုမျိုးကို ခံယူလိုက်လေသည်။

ယခုချိန်၌ ဤနာကျင်မှုအား သည်းခံနိုင်သွားပြီဖြစ်၏။မျက်နှာအမူအရာပင် သိပ်မပျက်ယွင်းတော့ပေ။အဆောင်တွင်နေရသည့် ဒုက္ခအများဆုံးအရာက ညလယ်ခေါင်၌ ရေချိုးခန်းထဲသို့ အကြိမ်တိုင်းပြေးဝင်၍မရခြင်းပင်။ မဟုတ်ပါက အခန်းဖော်များက သူ ရေချိုးခန်းထဲ၌တစ်ခုခုလုပ်နေသည်ဟု ထင်သွားကြမည်ဖြစ်ပေသည်။

ထို့ကြောင့် သူသည် ၎င်းကာလမျိုးမှာ အိပ်ရာထက်၌ မလှုပ်မယှက်လဲလျောင်းခြင်းဖြင့်သာ ကုန်ဆုံးရသည်။ အချိန်ကြာလာသည်နှင့်အမျှ ယင်းက အလေ့အကျင့်ပင်ဖြစ်လာ၏။ သူ မထိန်းချုပ်နိုင်သည့် အရာတစ်ခုသာ ရှိကာ ထိုသည်က ချွေးထွက်ခြင်းပင်။ညစဥ်ညတိုင်း စောင်စိုကုန်သဖြင့် မကြာခဏလဲလှယ်ပေးရလေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now