Chapter 70

553 93 3
                                    

လော့ဝမ်ချန်သည် ထိုမေးခွန်းအား ချက်ချင်းမဖြေလိုက်ချေ။ လုချုံက ဆက်ပြောလာပြန်သည်။

'' ပထမဆုံး မင်း ဟိုင်နဥ်မြို့မှာ ပေါ်လာတယ်။နောက်တော့ မင်းမှာ အစ်ကိုကြီးနဲ့အဖေရှိတယ်လို့ ပြောတယ်။ မင်းရဲ့ပုံပန်းသွင်ပြင်နဲ့အပြုအမူက မင်းဟာ ချမ်းသာကြွယ်ဝပြီးအာဏာရှိတဲ့မိသားစုက ဆင်းသက်လာတယ်လို့ ဖော်ပြနေတယ်။ အဲ့လိုသဲလွန်စလေးတွေမှ အများကြီးရှိတယ်။ အရေးကြီးတဲ့အချက်ကတော့ မင်းနောက်တစ်ခေါက်ပြန်ပေါ်လာချိန်မှာ နံရိုးလေးက မင်းအပေါ်နွေးထွေးလွန်းနေတာပဲ။သူ......သူထွက်သွားခါနီးအချိန်မှာတောင် စိတ်ချလက်ချရှိချင်လို့ မင်းကိုအနားမှာရှိနေစေချင်ခဲ့တာ''

လုချုံက ခါးသက်သက်ပြုံးပြီးပြော၏။

''တိရစ္ဆာန်တွေက လူသားတွေထက်ပိုမြင်တတ်ပါတယ်။ ကောင်မလေးက မင်းကိုပြန်တွေ့တွေ့ချင်းမှာတင် မှတ်မိသွားတာ။ မင်းရဲ့ပုံစံမျိုးစုံကို ကိုယ်ရင်းနှီးနေပြီး မင်းကိုသဘောကျတယ်လို့ ခံစားခဲ့ရပေမဲ့ အဲ့လိုအတွေးမျိုးတော့ မဝင်ခဲ့မိဘူး''

လော့ဝမ်ချန်၏မျက်နှာအား မမှတ်မိသည့်အပြင် တခြားသော အကြောင်းပြချက်အနေဖြင့်ကတော့ သူဟာ ထိုငယ်စဥ်တုန်းက ကောင်လေးကို သာမာန်လူမဟုတ်ဟု ထင်ခဲ့၍ပင်။ ကောင်လေးဟာ ဂြိုလ်သား မဟုတ်လျှင်တောင် ဆန်းကြယ်သည့်နေရာက ရောက်လာသူဟုသာ သူခံစားခဲ့ရသည်။

''ကိုယ်တောင်းပန်ပါတယ်။ဝမ်ချန်။ မင်းကအမြဲကိုယ့်ဆီရောက်လာပေမဲ့ ကိုယ်က မင်းကိုမမှတ်မိပဲ မင်းဝမ်းနည်းစေမဲ့ အရာတွေကိုပဲ အများကြီး လုပ်ခဲ့မိတယ်''

သူသည် နောင်တရစိတ်နှင့်အတူ ညင်သာစွာပြောလိုက်သည်။

လော့ဝမ်ချန်သည် ထိုစကားများ ကြားရသည်ကို သက်သောင့်သက်သာမရှိသဖြင့် သူ့မျက်နှာကိုသာ တိတ်တဆိတ်နှင့် အဝေးသို့လှည့်ထားလျက် တိုးတိုးလေး ရေရွတ်လိုက်သည်။

'' ငတုံးကြီး''

ထိုသူက သူမဟုတ်ပါဘူးဟုပြောလျှင် လုချုံ၏မျက်နှာ မည်ကဲ့သို့ဖြစ်မည်ဆိုသည်အား သိချင်မိသည်။ သူဝမ်းနည်းသွားမလား။ထိတ်လန့်သွားလေမလား။ အရင်ကသူ့လိုမျိုး ခက်ခဲနေလိမ့်မလား?

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now