Chapter 75

423 83 0
                                    

ယခုနှစ်၏ ပထမနှစ်ဝက်ပိုင်းတွင် လျို့လီဖူသည် နိုင်ငံခြားတွင် ဘရူအင်ဒီလန်နှင့် သွားရောက်တွေ့ဆုံခဲ့၏။ ထိုအချိန်က ဘရူအင်ဒီလန်သည် သူ၏နောက်ဆုံးပရောဂျက်အကြောင်း ကြွားဝါပြောဆိုခဲ့သည်။ လော့ဝမ်ချန်၏အမည်အား ထုတ်မပြောခဲ့သော်လည်း ဟိုင်နဥ်မြို့၏ အသိုင်းအဝိုင်းကြီးထဲမှလူ ဖြစ်ကြာင်းကို ခပ် ရေးရေးလေး ပြောပြခဲ့မိသည်။ဖြစ်ချင်တော့ ယခုတစ်ခေါက်တွင် လျို့လီဖူထံ သွားတွေ့သူကလည်း လော့ဝမ်ချန်ဖြစ်နေသည်။ လျို့လီဖူသည် သူ၏ ကိုယ်ပိုင်အတွေးနှင့် အမျိုးမျိုးသော သတင်းအချက်အလက်များပေါင်းစပ်ပြီးအရာအားလုံးကို ကောက်ချက်ချလိုက်ပါက အစကို ဆွဲထုတ်နိုင်သွားပြီပင်ဖြစ်သည်။

လော့ဝမ်ချန်သည် ဆေးရော အိပ်မွေ့ချနည်းဖြင့်ပါ ဦးနှောက်ဆေးခံထားရသည်ကိုလည်း သူသိသည်။ တစ်ခုခုကိုလည်း သူ့နှလုံးထဲ၌ မြှုပ်နှံထားသေးသည်။ အမိန့်ပေး ခိုင်းစေနိုင်သည့်ကိရိယာက ဘရူအင်ဒီလန်၏ လက်ထဲ၌ဖြစ်ရာ သူခလုတ်နှိပ်လိုက်သည်နှင့် လော့ဝမ်ချန် သေဆုံးသွားလိမ့်မည်ပင်။

ယခု သူသည် ထိုထိန်းချုပ်ကိရိယာအား သူ့လက်ထဲ ရောက်ရှိလာအောင် ကြိုးစားနေပြီဖြစ်သည်။

သူ့သူငယ်ချင်းဟောင်းက လော့ဝမ်ချန်ကို အစမ်းသပ်ခံအရာတစ်ခုအနေနှင့် တန်ဖိုးထားကာ အနည်းဆုံး ၃နှစ်လောက်ထားပြီး လေ့လာစမ်းသပ်ချင်သည်။ ခုချိန်၌ ထိုသူဟာ လော့ဝမ်ချန်ကို မသေစေချင်ပေ။အကယ်၍ သူသာ လော့ဝမ်ချန်၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်ပါက ဘရူအင်ဒီလန်ဟာ စမ်းသပ်နေတုန်းမှာ သူ့အတွက် ထိုစမ်းသပ်ခံလေးကို အန္တရာယ်မရှိသည့် အပိုထပ်ဆောင်းအရာလေးတွေ လုပ်ခွင့်ပေးရတော့မည် မဟုတ်ပါလော။

လျို့လီဖူလိုချင်သည့် ထိန်းချုပ်ခြင်းက ထိုအရာဖြစ်သည်။ လော့ဝမ်ချန်က သူ့ကို သခင်အဖြစ်အသိမှတ်ပြုရမည်ဟု မဆိုလိုပေ။ ယင်းက ပြဿနာများလှသည်။ သူ့သူငယ်ချင်းကလည်း သဘောတူမည်မဟုတ်။

ဘရူအင်ဒီလန် တွေ့ချင်သောအဆက်အသွယ်က ပေကျင်းမှာမရှိပေ။ လျို့လီဖူပင် ထိုလူနှင့် တစ်ကြိမ်သာ ဆက်သွယ်ဖူးသည်။သူလုပ်နိုင်တာဆို၍ စီစဥ်စရာရှိတာစီစဥ်နိုင်မည့် အလုပ်ခရီးထွက်ပေးတာပင်။ သို့သော်လည်း ယင်းက သူကိုယ်တိုင် သွားဆက်သွယ်မည်ဟုတော့ မဆိုလိုချေ။ အကယ်၍ ဘရူအင်ဒီလန်ကသာ စိတ်မြန်လက်မြန်ဖြင့် လော့ဝမ်ချန်အား ထိုနေရာ သွားခိုင်းခဲ့သော် ပန်းတိုင်ရောက်မှာတော့ မှန်ပေမဲ့ စစ်တုရင်လေးဟာ အသုံးဝင်တော့မည်မဟုတ်သလို သူဌးကလည်း ကြိုသိသွားမည်ဖြစ်လေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now