Chapter 60

973 156 16
                                    

လေယာဉ်ပေါ်ကဆင်းသည်နှင့် သူဟာ ကားထဲကို၀င်သွားပြီး မြန်နိုင်သမျှမြန်မြန် ပြန်သွားလိုက်သည်။ မမှောင်ခင်၌ လော့၀မ်ချန်သည် သုံးထပ်ဗီလာကြီးသို့ ထပ်မံရောက်ရှိလာခဲ့လေသည်။

သူ လျင်မြန်စွာဝင်သွားလိုက်သည်။ လေးလကြာအောင် မတွေ့ခဲ့ရသည့်ထိုလူက သိပ်ပြီးပြောင်းလဲခြင်းမရှိပေမဲ့ ထိုသူ့လက်ထဲတွင်ရှိသည့် ကြောင်လေးကတော့ အများကြီးပြောင်းလဲသွားခဲ့သည်။

မူလကတောက်ပြောင်ချောမွေ့သော အမွှေးများမှာ ကျွတ်ထွက်နေပြီး ဟိုနေရာ သည်နေရာကနေ အရေပြားအပိုင်းအစများကိုတောင် မြင်နေရသည်။ ခပ်၀၀ခန္ဓာကိုယ်ဟာ ပြားချပ်နေပြီး အရိုးစုတစ်ခုလို အရေပြားအချို့သာ ကျန်ရှိတော့သည်။

လော့၀မ်ချန် ကြက်သေသေသွား၏။

လုချုံကိုကြည့်ဖို့တောင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏အာရုံစူးစိုက်မှုက ကြောင်ကြီးပေါ်မှာသာရှိနေတော့သည်။ လုချုံက သူ့ဆီ လျှောက်လာချိန်၌ ကြောင်ကြီးကိုသူ့ရင်ခွင် ဆွဲခေါ်လိုက်လသည်။

"နံရိုးလေး...ငါပြန်လာပြီလေ နံရိုးလေး "

သူ့လက်ထဲက ကြောင်လေးဟာ အရိုးတွေဖြင့်ပေါ့ပါးနေပြီး သူမ၏ မျက်လုံးတွေက ခွန်အားအနည်းငယ်သာရှိ၍ အားနည်းကာ ပင်ပန်းနွမ်းနယ်နေ၏။

လော့ဝမ်ချန် မှတ်မိပါသေး၏။ သူ ဒီကိုစရောက်တုန်းက ဤကြောင်ကြီးဟာ လှေကားပေါ်ကနေ သူဆီကိုခုန်၍ သန်မာသောခွန်အားတွေဖြင့် သူ့မျက်နှာပေါ် တွယ်ဖက်တက်သည်။ သူ့ဘေးပတ်ပတ်လည်တွင် လှည့်ပတ်နေခဲ့ကာ သွက်လက်တက်ကြွစွာ၊ ပျင်းရိစွာဖြင့်သူမ၏၀မ်းဗိုက်က အဆီတွေနှင့် ပွတ်တိုက်နေခဲ့သေးသည်ပင်။ သူ့မျက်လုံးများထဲမှ မျက်ရည်များကျလာလေသည်။

သူ့လက်ကိုမြှောက်၍ သူ့မျက်နှာနှင့်ကြောင်ကြီးကို ပွတ်သပ်လိုက်ကာ တုန်ယင်နေသောအသံဖြင့်

"နံရိုးလေး မင်းမျက်လုံးတွေကိုဖွင့်ပြီး ဘယ်သူပြန်လာတာလဲဆိုတာကြည့်ပါဦး၊ မင်းငါ့ကိုမတွေ့ချင်တော့ဘူးလား?"

ကြောင်ကြီးသည် သူမ၏မျက်ခွံများကို ပင့်လိုက်ပြီး လော့၀မ်ချန်၏ မေးစေ့ကို လျက်လာသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now