Chapter 73

1.7K 198 1
                                    

ဘရူအင်ဒီလန်သည် ပရော်ဖက်ဆာဒီလန်၏နာမည်အရင်းဖြစ်သည်။ သို့သော်လည်း သူသည် ထိုနာမည်ကို တခြားလူတွေ သိသွားမည့်နေ့ ရှိလာမည်ဟု ထင်မထားခဲ့သလို အဝါရောင်မျောက်တစ်သိုက်၏ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟုလည်း မထင်ခဲ့မိပါချေ။

"ပြောစမ်း၊ မင်းကိုအချက်အလက်တွေပေးပြီး ဆက်သွယ်ခဲ့တဲ့သူကဘယ်သူလဲ?"

ဤတစ်ကြိမ်တွင် စစ်ဆေးမေးမြန်းသူသည် လင်စုပဲဖြစ်၏။ ဂိုဒေါင်ထဲရှိထိုင်ခုံပေါ်တွင် ‌ခြေတစ်ဖက်ချိတ်ထိုင်နေရင်း သူ့ခေါင်းပေါ်ကမီးရောင်က မျက်စိကန်းမတတ်ဖျာကျနေသည်။ သူသည် ဓာတ်ပုံကြီးတစ်ပုံကိုကောက်ယူပြီး ထိလိုက်ကာ

"ဒီလူလား?"

ဘရူးအင်ဒီလန်သည် ထိုင်ခုံပေါ်မှာ ကြိုးချည်ခံထားရကာ ဆံပင်များ၊ မုတ်ဆိတ်မွှေးများဖြင့် ရှုပ်ပွနေ၏။ သူဓာတ်ပုံထဲကလူကိုကြည့်လိုက်သည်။ လော့၀မ်ချန်မှတပါး တခြားမရှိပေ။

ပရော်ဖက်ဆာဒီလန်သည် ဂုဏ်သိက္ခာကြီးမား၍ ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များ ရှိသော ယဉ်ကျေးသည့် ပညာရှင်တစ်ဦး၏ အပြုအမူမျိုးကို ဆက်လက်ထိန်းထားလျက်ဖြင့် တရုတ်လို တောင့်တောင့်ကြီးပြောလိုက်၏။

"မင်းဘာတွေပြောနေတာလဲ ငါမသိဘူး။လူမှားပြီး ဖမ်းနေကြတာပဲ။ နိုင်ငံတကာအငြင်းပွားမှုဖြစ်မှာကို မကြောက်ဘူးလား။"

"အို၊ နိုင်ငံတကာအငြင်းပွားမှုလား။ ကြောက်လိုက်တာနော်"

လင်စုကကြောက်ရွံဟန်ဆောင်ပြီးသည့်နောက်လှောင်ရယ်လိုက်သည်။

"မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပဲကိုး။ ငါမင်းကိုနိုင်ငံတော်လျှို့ဝှက်ချက်ခိုးယူမှုနဲ့အရင်တရားစွဲပစ်မှာ မယုံမရှိနဲ့။မင်းရခဲ့တဲ့အချက်အလက်တွေက ငါတို့နိုင်ငံလျှို့ဝှက်ဌာနရဲ့လက်ထဲမှာရှိတယ်။ အချက်အလက်တွေကိုရလိုက်တာနဲ့မင်းအသုံးပြုနေကျ USBထဲမှာသုံးခဲ့တယ်မလား။ ငါတို့စစ်ဆေးပြီးသွားပြီ။ အဲ့တာကမင်းရဲ့ပစ္စည်းတွေ အထောက်အထားတွေပဲ။ ခိုင်လုံတဲ့သက်သေအထောက်အထားတွေက တောင်လောက်ရှိတယ်ကွ"

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now