Chapter (30+ 31)

2.5K 337 5
                                    

Chapter (30)

လုချုံသည် လမ်းလျှောက်လာကာ ရေခဲသေတ္တာကိုဖွင့်လျက် ရေတစ်ဘူး ယူလိုက်သည်။

ထိုလှုပ်ရှားမှုသည် လော့ဝမ်ချန်အား နိုးကြားသွားစေ၏။

‘’လူကြီးမင်း!!’’

လုချုံသည် ရေသန့်ဘူးအဗုံးဖွင့်လျက်

‘’ဒီလောက်ညဥ့်နက်တဲ့အထိ နေနေတာလား’’

‘’ကျွန်တော် အိပ်တော့မလို့ နွားနို့ စောင့်နေတာ’’

လော့ဝမ်ချန်သည် မိုက်ခရိုဝေ့မီးဖိုထဲမှ နွားနို့ကို ထုတ်ယူလိုက်သည်။ သူသည်လုချုံရေသန့်သောက်မည်ကိုမြင်သော် တွန့်ဆုတ်စွာ ပြောလာ၏။

‘’လူကြီးမင်း......ဒီလောက်နောက်ကျမှ ရေခဲရေသောက်တာ ကျန်းမာရေးအတွက်မကောင်းဘူး။ ကျွန်တော်နဲ့ နွားနို့အတူ သောက်ပါလား’’

လုချုံ ကြက်သေသေသွားလေသည်။

လော့ဝမ်ချန်က ခွက်တစ်လုံးယူလာလျက် ဖန်ခွက်ထဲသို့ နွားနို့တစ်ဝက်လောင်းထည့်လိုက်ပြီး ထိုခွက်အား လက်နှစ်ဖက်ဖြင့် ယဥ်ကျေးစွာ၊ တင်ကြွစွာ ကမ်းပေးလိုက်သည်။ 

‘’ဒါသောက်တာ ပိုကောင်းပါတယ်။ သူက  အိပ်ပျော်စေတယ်။’’

တခဏလောက်တော့ လုချုံ လှုပ်ရှားမလာခဲ့ပေ။

မည်သူကမျှ သူ့ကို ဘာသောက်ပါ၊ ညာသောက်ပါဟု မလွှမ်းမိုးရဲပေ။ သူ၏နှလုံးသား၌ပေါ်ပေါက်လာသည့် ပထမဆုံးသောခံစားချက်သည်ကား မကျေမနပ်ဖြစ်ခြင်းပင်။သို့သော်လည်း လူငယ်လေး၏ စစ်မှန်စွာ စိုးရိမ်ပေးမှုနှင့် မျက်လုံးထဲမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို မြင်လိုက်ချေရာ ထိုသူက သူ့အား ဂရုစိုက်သောကြောင့် ဆိုတာ သိလိုက်လေသည်။

ထိုမျက်ဝန်းများနှင့် ရင်ဆိုင်ရချိန်မှာ သူ ဒေါသမထွက်နိုင်တော့ပေ။

သူသည် ခွက်ကို ယူလိုက်ပြီး ထိလိုက်သော်နွေးနေ၏။

ဘယ်ဘက်တွင် အေးစက်စက်ရေသန့်ဘူးရှိနေပြီး ညာဘက်တွင် နို့ရနံ့သင်းနေသည့် နွားနို့နွေးနွေးရှိနေပေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now