Chapter 52

1.8K 275 2
                                    

သူ၏ ပျင်းရိပျင်းတွဲ့ အကြည့်က ဝေ့ရှင်းဟန်ကို နေရာမှာတွင် အေးခဲသွားစေသည်။

လော့၀မ်ချန်၏ အသားအရည်သည် အလွန်ဖြူဖွေးပြီး အံ့သြဖွယ်ကောင်းစွာ နူးညံ့နေသည်။ အရက်သောက်ထားသောကြောင့် ပါးပြင်များကနီရဲနေသည်။ မျက်လုံးများမှာလည်း အနည်းငယ်နီနေပြီး နှုတ်ခမ်းများက ပို၍နီရဲကာ ချစ်စရာကောင်းနေ၏။

သို့ပေမဲ့ သူ စိတ်ဓာတ်ကျနေပုံရသည်။ သူသည် နံရံကိုလျော့တိလျော့ရဲမှီထားပြီး ရှေ့ဆံပင်များက သူ့မျက်လုံးများပေါ်တွင် အရိပ်များလိုကျစင်းနေသည်။ မျက်လုံးတွေကိုမှေးကျဉ်းထားပြီး ဂရုမစိုက်သည့်ဟန်ပေါက်နေကာ ချောမောလက်ရာမြောက်လှသောမျက်နှာထက်တွင် မောက်မာမှုအနည်းငယ်လည်းရှိနေသည်။

ဝေ့ရှင်းဟန် နေရာတွင်မတ်တပ်ရပ်မိနေဆဲပင်။

ထို့နောက်မှာ ပျင်းရိလေးတွဲ့စွာဖြင့် သူ့နာမည်ခေါ်သံကို ကြားလိုက်ရလေသည်။

အရက်အလွန်အကျွံသောက်ထားသော ဝေ့ရှင်းဟန်မှာ ချက်ချင်းတုံ့ပြန်မှုတွေ ဖြစ်လာလုနီးပါးပင်။

လော့၀မ်ချန်သည် ဝေ့ရှင်းဟန်ကိုမျက်နှာမူဖို့ နံရံကိုမှီထားသည့် အနေအထားကိုပြောင်းလိုက်ပြီး သူ့အားအပေါ်အောက်ငုံ့ကြည့်ကာ

"တိုက်ဆိုင်လိုက်တာ။ မင်းအများကြီးသောက်ခဲ့ရတာလား?"

ဝေ့ရှင်းဟန်က ဖြည်းညင်းစွာ ပြုံးလိုက်ရင်း

"ဟုတ်တယ်၊ သီချင်းဆိုရင်းသောက်ချင်တဲ့ဧည့်သည်တစ်ယောက်ရှိ‌တယ်လေ၊ အဲ့တာကြောင့် ငါကသူနဲ့အတူသောက်ပေးရုံပဲတတ်နိုင်တယ်"

"အဲ့လောက်တောင်ဆိုးတာလား? မင်းရဲ့သောက်နိုင်စွမ်းနဲ့ဆိုရင် အော့အန်တဲ့အထိသောက်ဖို့ဆိုတာလွယ်မှာမဟုတ်ဘူးပဲ"

"ကျောက်ကျန့်ဖဉ်၊ ကျန်းသုန်းတို့နဲ့ ယှဉ်လိုက်ရင် ငါကတော်ပါသေးတယ်"

လော့၀မ်ချန် သူ့ခေါင်းကိုစောင်းလိုက်သည်။ အရက်၏ သက်ရောက်မှုကြောင့် သူ့တုံ့ပြန်မှုက အနည်းငယ်နှေးကွေးနေသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now