Chapter 43

778 149 2
                                    


''ကျွန်တော်......နေမကောင်းတာ?''

လော့ဝမ်ချန်သည် ဖျော့တော့သွားပြီး ခေါင်းငုံ့သွား၏။ သူ့ပါးစပ်ထဲရှိ ချိုချဥ်အရသာပန်းသီးသည် အရသာမရှိတော့သလိုပင်။

ထိုကဲ့သို့သော သူ့အား လုချုံမြင်သော် သက်ပြင်းချလိုက်သည်။ သူ့အား တွန်းအားမပေးချင်သော်လည်း ဒီအကြောင်းအား ဆွေးနွေးရမည်ပင်။

''မနေ့ညက မင်းပြောတော့ ရောဂါဟောင်းဆို။ ဘယ်လောက်တောင်ကြာပြီလဲ?''

လော့ဝမ်ချန်သည် သူ့ခေါင်းအား ပိုတိုးပြီးငုံ့သွားကာ စကားပြောရန်ငြင်းဆန်လျက် ပန်းကန်ထဲရှိပန်းသီးအား ငေးစိုက်ကြည့်နေလိုက်သည်။

သူ........သည်လူအား နောက်ထပ်မလိမ်ညာချင်တော့ပေ။

မနေ့ညက သူပြောခဲ့သမျှစကားအားလုံးသည် အလိမ်အညာတွေဖြစ်ရာ ခုချိန်၌ မပြောချင်ပါလေတော့။

သို့သော် သူအမှန်အတိုင်းပြောလိုက်လျှ​င်လည်း အလွန်ရှုပ်ထွေးသွားမည်ဖြစ်သည်။ ရိုးရှင်းစွာဖြင့် သူမပြောပြနိုင်ပေ။

''ဝမ်ချန်''

လုချုံပြောလိုက်သည်။

လော့ဝမ်ချန်သည် တုံ့ပြန်ရန်ငြင်းနေဆဲပင်။

လုချုံက ခပ်ဖြည်းဖြည်း ပြောလာသည်။.

''ပထမတော့ မင်း ယင်းထနေတာလို့ ကိုယ်ထင်ခဲ့တာ''

လော့ဝမ်ချန်မှာ ​ကြောင်အမ်းသွား၏။

''နောက်တော့ အဲ့လိုမဟုတ်တာ ကိုယ်သိလိုက်တယ်။ ယင်းထတဲ့လက္ခဏာက မင်းရဲ့အပြုအမူနဲ့မတူဘူး။ မင်းရဲ့ သွေးနဲ့ဆီးစစ်ချက်ကလဲ ပုံမှန်ပဲ''

''မင်းက လူကောင်းလေးဆိုတာ ကိုယ်သိပါတယ်''

လုချုံက သူ့ခေါင်းထိပ်ကား ထိလိုက်ကာ ထပ်ပြီး ဖျောင်းဖျလိုက်ပြန်သည်။

''ကျန်းမာရေးပြဿနာဆိုတာ စောစောကုထားမှ။ မင်းကိုယ့်ကိုပြောရင် ကိုယ် ကူညီနိုင်တာပေါ့။ မင်းလည်း ထပ်ပြီး နာကျင်မခံစားချင်တော့ဘူး ဟုတ်တယ်မလား''

လော့ဝမ်ချန် နှုတ်ခမ်းက လှုပ်လှုပ်ရွရွဖြစ်သွားပြီးမှ ခပ်တင်းတင်းလေး ဖိထားလိုက်သည်။ သူ့မျက်လုံးတွေက အနည်းငယ် နီရဲနေ၏။ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည့်အခါ ယင်းက သနားကမားပုံပေါက်သွားစေလေသည်။ လုချုံမှာ ထိုပုံစံကိုမြင်ရပြန်တော့ နှလုံးသားက ပျော့ပြောင်းသွားကာ တိတ်တဆိတ်သက်ပြင်းချရင်း ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now