Chapter 51

704 142 4
                                    


လော့ဝမ်ချန် တွေးလိုက်သည်။ဒါက သူကြားဖူးသမျှထဲ အလွန်ပင် အလိမ္မာသုံးပြီး သိမ်မွေ့စွာ ငြင်းဆိုခြင်းပင် ဖြစ်လောက်သည်။

သူထပ်တွေးလိုက်မိပြန်၏။ လုချုံ၏ အာရုံသိစိတ်က အတော်ကြောက်စရာကောင်းသည်။ သူ့ဘက်က အနည်းငယ်မျှပင် ဖော်ပြရသေးသည်။ စိတ်ကို အကုန်ထွင်းဖောက်မြင်ပြီးချေလေပြီ။

ထို့အပြင် ပြတ်သားမှုကလည်း ကြောက်စရာကောင်းသည်။ အရိပ်အမြွက်ပင်ရှိသေး ချက်ချင်းပင် သူ့အား ငြင်းဆိုလာလေသည်။မျက်နှာကိုထောက်ပြီး ဒဲ့မပြောသော်ငြား သည်လောက်ဒုက္ခရောက်ခံပြီး ကွေ့ဝိုက်ပြောနေလိုက်သေးသည်။

နှလုံးသားမဲ့လိုက်သည့်ဟု ပြောသင့်ပါရဲ့လား ဒါမှမဟုတ် သူ၏တွေးခေါ်ပေးတတ်မှုကြောင့် ကျေးဇူးပဲ တင်ရလေမလား။

လော့ဝမ်ချန်သည် တခဏလေးအတွင်း အကြောင်းအရာအများကြီးအား အတွေးဝင်နေမိသည်။

သူသည် အတိတ်အကြောင်း၊ အနာဂတ်အကြောင်း၊ သူရုန်းကန်နေရမှု၊ သူ့တုံ့ဆိုင်းမှု၊ သူ့အတွေးများ၊ သူဖြတ်သန်းခဲ့ရပြီးသော ညှင်းပန်းနှိပ်စက်ခံရမှု.....ထိုအရာများအားလုံးသည် လုချုံ၏တိကျပြတ်သားသောလက်တစ်ချက် ဝှေ့ယမ်းသည်နှင့် အဝေးသို့ရောက်သွားလေသည်။

သူ့ရှေ့တွင် လမ်းတစ်လမ်းသာရှိတော့သည်။

ဤအရာသည်လည်း ကောင်းပါ၏။

ဤလမ်းကြောင်းသည်လည်းပဲ ကောင်းပါသည်။

လော့ဝမ်ချန် ထိုစကားအား သူ့နှလုံးသားထဲတွင် နှစ်ကြိမ်မျှ ထပ်ခါရွတ်လိုက်သည်။ မသိလျှင် ရုတ်တရက်ကြီး မောဟိုက်လာသည့်အလား သူ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။ နေက အနည်းငယ် မျက်စိကျိန်းလွန်းသည်ဟု ခံစားလိုက်ရကာ ယင်းက အနည်းငယ်မူးဝေသွားစေသည်။ သူ့ခေါင်းငုံ့ချလိုက်၍ မျက်လုံးများထဲမှ တစ်ခုခုသွန်ကျလာမည်ကို စိုးရိမ်သဖြင့် ကြီးကြီးမားမားမလှုပ်ရှားဝံ့ပေ။

''နားလည်မှုလွဲနေတာများ ရှိနေတာလား? ခင်ဗျားက အရမ်းကောင်းတာပဲကို လူကြီးမင်းရဲ့။ ဘယ်လိုလုပ်ပြီး သူကပြန်မလာဘဲနေပါ့မလဲ? ဒါမှမဟုတ်......တစ်ခုခုက သူ့ကိုကြန့်ကြာနေစေတာ...ဒါမှမဟုတ်......''

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)[COMPLETED]Where stories live. Discover now